၁၂.၁၂.၂၀၁၄ရက်နေ့ ၁၄၂၀အချိန်တွင် မှော်ဘီမြို့နယ်၊ ရန်ကုန်-ပြည်ကား
လမ်းအတိုင်း တောင်ဥက္ကလာပမြို့နယ်နေ ယာဉ်မောင်း ဦးအောင်လင်း မောင်းနှင်
လာသော 4E---ဟွန်ဒိုင်းမှန်လုံ ကုမ္ပဏီဝန်ထမ်းကြို/ပို့ယာဉ်သည် ဆပ်သွား
တောကျေးရွာအုပ်စု၊ ရဲဘော်ဈေးအနီး မိုင်တိုင်အမှတ်(၂၅/၅)အရောက်တွင် အင်ဂျင်အပူလွန်ကဲကာ ၀ါယာရှော့ဖြစ်ပြီး မီးစတင်လောင်ကျွမ်းခဲ့ရာ ယာဉ်ပေါ်ပါသူများနှင့် ပတ်ဝန်းကျင်နေပြည်သူများမှ ၀ိုင်းဝန်းငြှိမ်းသတ်ခဲ့သဖြင့် ၁၄၂၅အချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်းနှင့် အင်ဂျင်ခန်းအတွင်းရှိ ၀ါယာကြိုးများ၊ မီးခံပြားနှင့် ရေပိုက်တို့ မီးလောင် ပျက်စီးဆုံးရှုံးသွားခဲ့ကြောင်း သိရှိရပါသည်။
ယင်းသို့ မီးလောင်မှုဖြစ်ပွားခဲ့သည့်အတွက် ယာဉ်မောင်း ဦးအောင်လင်းအား
မှော်ဘီမြို့မရဲစခန်း(ပ) ၇၇၆/၂၀၁၄၊ ပြစ်မှုပုဒ်မ ၂၈၅ဖြင့် အမှုဖွင့်အရေးယူ
ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

by yangonpolice

0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...