၁၁.၁၂.၂၀၁၄ ရက်နေ့ ၁၄၃၀ အချိန်တွင် သင်္ဃန်းကျွန်းမြို့နယ်၊ လေးထောင့်ကန်
လမ်းအတိုင်း စံပြဈေးမီးပွိုင့်ဘက်မှ အသင်းတိုက်မီးပွိုင့်ဘက်သို့မောင်းနှင်
လာသော 4C---Celica အနီရောင် ပြိုင်ကားသည် ရွှေနားပန်ကျောင်းတိုက်ရှေ့
အရောက် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ ယာဘက်ပလက်ဖောင်းပေါ်သို့ရောက်ရှိကာ တိမ်းမှောက်သွားခဲ့ပြီး ယာဉ်မောင်းမှာ ယာဉ်ကိုထားကာ ထွက်ပြေးတိမ်းရှောင်သွားခဲ့
ပါသည်။
ထိုသို့ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်နှင့် ပလက်ဖောင်းတို့ ပျက်စီးသွားခဲ့
ပါသည်။
ယင်းသို့ ယာဉ်မဆင်မခြင်မောင်းနှင်သဖြင့် ယာဉ်တိမ်းမှောက်မှုဖြစ်ကာ ထွက်ပြေး
တိမ်းရှောင်သွားသူ ပြိုင်ကားယာဉ်မောင်း(စုံစမ်းဆဲ)အား သင်္ဃန်းကျွန်းမြို့မရဲစခန်း
ယာဉ်(ပ)၄၇/၂၀၁၄၊ ပြစ်မှုပုဒ်မ ၂၇၉/၂၀၂ဖြင့် အမှုဖွင့်အရေးယူကာ စုံစမ်း
ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
by yangonpolice



Friday, December 12, 2014
အရှိန်မထိန်းနိုင်သော ပြိုင်ကားတစ်စီး လမ်းဘေးပလက်ဖောင်းပေါ်သို့ ရောက်ရှိတိမ်းမှောက်
Subscribe to:
Post Comments (Atom)










0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...