<div style='background-color: none transparent;'></div>

Thursday, December 11, 2014

လှိုင်သာယာမြို့နယ်လူသတ်မှုမှ ပြစ်မှုကျူးလွန်ရာတွင်ပါဝင်သူ(၂)ဦးကို ဖမ်းဆီးရမိ

၆.၁၂.၂၀၁၄ ရက်နေ့ ၁၀၀၀ အချိန်တွင် လှိုင်သာယာမြို့နယ်နေ မနုနုအေးသည် စက်ရုံ၌အလုပ် လုပ်ကိုင်နေစဉ် ခင်ပွန်းဖြစ်သူ ကိုဝင်းသိန်း(ခ)ကိုကျော်လှ၊(၄၄)နှစ်
မှာ ၎င်းငှားရမ်းနေထိုင်သည့် နေအိမ်တွင် သေဆုံးနေကြောင်းကြားသိရသဖြင့် သွားရောက်ကြည့်ရှုရာ ခင်ပွန်းဖြစ်သူတွင် ဦးခေါင်း နောက်စေ့၌ ပြတ်ရှဒဏ်ရာ
(၁)ချက်ရရှိကာ သေဆုံးနေသည်ကိုတွေ့ရှိရသဖြင့် စုံစမ်းအရေးယူပေးပါရန် တိုင်တန်းချက်အရ လှိုင်သာယာမြို့မရဲစခန်း (ပ)၁၈၄/၂၀၁၄၊ ပြစ်မှုပုဒ်မ-၃၀၂
ဖြင့် အမှုဖွင့်လှစ်ကာ ပြစ်မှုကျူးလွန်သူများကို စုံစမ်းဆောင်ရွက်ခဲ့ပါသည်။

အမှုနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များ၊
မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူး ရုံး၊ မှုခင်းနှိမ်နင်းရေးဌာနစုမှတပ်ဖွဲ့ဝင်များ၊ လှိုင်သာယာမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့မှ စုံစမ်း
ဆောင်ရွက်ခဲ့ရာ သေဆုံးသူပါဝင်သောအဖွဲ့နှင့် နိုင်လင်းအောင်၊ သိုက်အောင်ဌေး
တို့ပါဝင်သည့်အဖွဲ့တို့ နှစ်ဘက်ခိုက်ရန်ဖြစ်ပွားခဲ့ကြကြောင်းသတင်းအရ မသင်္ကာသူ များဖြစ်သည့် နိုင်လင်းအောင်၊ သိုက်အောင်ဌေးတို့အဖွဲ့အား ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ပါသည်။

ပူးပေါင်းအဖွဲ့သည် အမှုမှမသင်္ကာသူ နိုင်လင်းအောင်၊ သိုက်အောင်ဌေးတို့
ပါဝင်သော(၇)ဦးအဖွဲ့အား ဖမ်းဆီးရမိရေးစုံစမ်းဆောင်ရွက်ခဲ့ရာ ၎င်းတို့အနက် လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းရပ်ကွက်နေ သိုက်အောင်ဌေး၊ (၂၃)နှစ်နှင့်
နိုင်လင်းအောင်၊ (၂၅)နှစ်တို့(၂)ဦးကို ၆.၁၂.၂၀၁၄ ရက်နေ့တွင် ဖမ်းဆီးရမိခဲ့
ပါသည်။

ဖမ်းဆီးရမိသူ (၂)ဦးအားစစ်ဆေးခဲ့ရာ ၎င်းတို့အဖွဲ့နှင့် သေဆုံးသူတို့အဖွဲ့မှာ ၅.၁၂.၂၀၁၄ ရက်နေ့က လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းကျေးရွာရှိ နာရေး
အိမ်တွင် ဖဲရိုက်ရာမှ စကားများခဲ့ကြကြောင်း၊ ၆.၁၂.၂၀၁၄ ရက်နေ့တွင် ၎င်းတို့အဖွဲ့မှ သေဆုံးသူပါဝင်သောအဖွဲ့အား လိုက်လံရှာဖွေရာ ကျန်စစ်သား
လမ်းရှိ ဘီယာဆိုင်၌တွေ့ရှိသဖြင့် အသင့်ယူဆောင်လာသော တုတ်များ၊ စတီးပိုက်များ ဖြင့် ၀ိုင်းဝန်းရိုက်နှက်ခဲ့ကြကြောင်း၊ ထိုသို့ခိုက်ရန်ဖြစ်ပွားခဲ့သဖြင့် ကိုဝင်းသိန်း(ခ)ကိုကျော်လှမှာ ဒဏ်ရာရရှိခဲ့ပြီး သေဆုံးသွားခြင်းဖြစ်ကြောင်း
ဖော်ထုတ်နိုင်ခဲ့ပါသည်။

ပေါ်ပေါက်ချက်အရ ပြစ်မှုကျူးလွန်ရာတွင်ပါဝင်သူ နိုင်လင်းအောင်နှင့် သိုက်အောင်ဌေးတို့အား အမှုဖြင့် ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိပြီး ကျန်ပြစ်မှုကျူးလွန်သူ(၅)ဦးကို ဖမ်းဆီးရမိရေး စုံစမ်း ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
by yangonpolice

Photo: လှိုင်သာယာမြို့နယ်လူသတ်မှုမှ ပြစ်မှုကျူးလွန်ရာတွင်ပါဝင်သူ(၂)ဦးကို ဖမ်းဆီးရမိ

ရန်ကုန်၊ ဒီဇင်ဘာ ၁၀

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...