ပညာရေးတက္ကသိုလ် လေ့ကျင့်ရေးကျောင်း (TTC -လှိုင်နယ်မြေ)ကျောင်းရှေ့တွင် ရောင်းချနေသည့် ကိုရီးယားအသားကင်ဆိုင်တစ်ဆိုင်၌ ယနေ့နံနက် ၁၀ နာရီခွဲခန့်တွင် ဂတ်စ်အိုးပေါက်ကွဲခဲ့ရာ တတိယတန်းကျောင်းသားကလေးငယ်ခုနစ်ဦးနှင့် ဆိုင်ရှင်အမျိုးသမီးတို့ ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။
ဒဏ်ရာရရှိသည့် ကလေးများအား ရန်ကင်းကလေးဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှုပေးလျက်ရှိကြောင်း သိရသည်။
ဒဏ်ရာရရှိသွားသည့် ကလေးငယ်များမှာ ယနေ့ မွန်းတည့် ၁၂ နာရီတွင် သင်္ချာဘာသာ စာမေးပွဲ ဖြေဆိုမည့်သူများ ဖြစ်ကြောင်း သိရသည်။ ဂတ်စ်အိုးပေါက်ကွဲချိန်တွင် အနီးအနားရှိသူများ၏ ပြောကြားချက်အရ ကလေးငယ်သုံးဦးမှာ မီးလောင်ဒဏ်ရာများ ရရှိသွားသည်ဟု သိရသည်။
ဓာတ်ပုံ- ငြိမ်းချမ်း
by 7daynews

Friday, December 19, 2014
TTC (လှိုင်နယ်မြေ)ရှေ့ရှိ အကင်ဆိုင်မှ ဂတ်စ်အိုးပေါက်ကွဲ၍ တတိယတန်း ကလေးငယ် ခုနစ်ဦးနှင့် ဆိုင်ရှင်အမျိုးသမီးတစ်ဦး ဒဏ်ရာရ
Subscribe to:
Post Comments (Atom)










0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...