<div style='background-color: none transparent;'></div>

Friday, December 4, 2015

ဝေးလို့ မရတဲ့ ချစ်သူများ

********************(စုပေါင်းကဗျာ)
ရေကိုဓားနဲ့ဖြတ် ပြတ်မလား..
အကြားမထင် သံယောဇဉ်မှာတင်တဲ့လွန်း
ဝင်ရိုးစွန်းတန်းများ..ကမ္ဘာခြားလဲ..
အသွေးသား မှာသူ့ စိတ်နဲ့လွမ်း
တမ်းတကြေကွဲ..လွမ်းနေဆဲမေ..
............................................မိုးပြာ(ကဗျာချစ်သူ)

ယုံကြည်ပါတယ်ချစ်သူ
ငါသတိရတဲ့အချိန်တိုင်း နင်လဲလွမ်းနေမယ်ဆိုတာ ရေမြေခြားနေပေမဲ့ တစ်ယောက်အတွေးထဲကို တစ်ယောက်ကစိုးမိုးထားလေရဲ့
မိုးကုတ်စက်ဝိုင်း အဆုံး..
စကြ၀ဠာ ရဲ့အပြင်ဘက်အထိ
ငါတို့နှစ်ယောက်ရဲ့အချစ်တွေုဖြန့်ကျက်ထားခဲ့တယ်
စိတ်မပူနဲ့ချစ်သူ
ငါကလေ မင်းနဲ့ဆိုရင်
အတွေးထဲမှာတောင် မဝေးရဲ့တဲ့သူပါကွယ်...
..............................................ရာဟုမလေး
လေပြေသွေးရုံနဲ့
အနေဝေးသလို...ရင်တုန်မိပါရဲ့ကွယ်။
သူ၏ ငါ၏ ခွဲခြားခြင်းသီအိုရီမှာ
ချစ်ခြင်းလင်္ကာမပါခဲ့ဘူး။
မုတ်သုန်တစ်ချက်ရဲ့အလင်းမှာ
နီးခြင်းဝေးခြင်းဆိုတာ
ပဝါပါးရဲ့လှည့်စားခြင်းသာသာ...။
ညမှနေ့...နေ့မှည
ရွေ့ကျလာတဲ့ကာလအား
သူမ၏စကားတို့ဖြင့်တွန်းလှန်အံ့။
ပရမတ္တညီတဲ့ပါရမီအရ
ချစ်သူဆိုတာ
ကြီးမားတဲ့သဘာဝ.သံလိုက်စက်ကွင်းထဲက
လူတွေပါကွယ်...။
................................ချစ်တတ်သူ(အလင်း)
ချစ်သူရယ်
ဝေးရမယ်အတွေး တွေးတောင်မတွေးရဲဘူး...
ချစ်ခဲ့ပြီးမှတော့ 
ဘယ်လိုခွဲရက်မလဲကွယ်...
ရင်ခွင်မှာ စိုက်မိတဲ့မြား
ဘယ်လိုအင်အားနဲ့နှုတ်လို့ 
ဘယ်ပုံနဲ့မေ့ ရက်ပါ့မလဲ...
စစ်မရောက်ခင်မြားကုန်နေတဲ့
တို့ နှစ်ယောက်ဘဝ
ဝေးသွားမှာစိုးထိတ်မိတယ်
ချစ်ရသောသူရယ်...
အော်...ချစ်ရတဲ့မောင်ရယ်...
...................................သန္တာ ညီညီ(ရွှေဘို)
အသွားထက်ပါစေ
ငါမမှုတော့ဘူး ချစ်သူ
တို့နှစ်ဦးကြားကသံယောစဉ်
ဘယ်သူဖြတ်လို့မှ
ပြတ်မည်မထင်
အသည်းရာဇဝင်မှာ
ကဗျည်းထိုးတင်ခဲ့ပြီ
မိုင်ချီဝေးပါစေ
ရင်ဘတ်ချင်းနီးခဲ့ပြီ
........................................ခက်ရှား
ထပ်တူကြတဲ့ စိတ်နှစ်ခု
ပေါင်းစပ်ခြင်းဟာ
အနီးအဝေး မိုင်တိုင်တွေမလို
သစ္စာမိုင်တိုင်တွေနဲ့
ခရီးနှင်ရင်.......
အဝေးဆိုတာ ပြေးခွာရှောင်မယ်
နှုတ်တစ်ရာစာတစ်လုံးပေမှို့
ကတိစကားရင်ဝယ်ထားက
တို့အချစ်တွေက
ဝေးလို့မရပါဘူး။
....................................‪#‎မြန်မာမလေး‬
အိပ်မက်လိုခရီး
ဒီသံသရာကြီးထဲ
စိတ်ရှိတိုင်းသာ
ပုံပြင်တွေလိုချစ်ကြမယ်ဆို
တို့်သတ္တိရှိဖို့တော့လိုတယ် ချစ်သူ
တို့အတူတူ ရင်ခုန်သံတွေ နရီမှန်နေသမျှ
ဘယ်အရာကမှမဝေးစေရဘူး
ကြယ်မစုံ လမိုက်နေပါစေ
ပူပြင်းလောင်မြိုက်နေရတောင်
တို့အတူတူရှိနေသမျှ
ကန္တာရလည်း ပန်းပွင့်စေမည် ။
...........................................ဆည်းဆာနီ
ချစ်သူ
နင်နဲ့ငါ့ရဲ့ ချစ်ခြင်းနဲ့တည်ဆောက်ထားတဲ့
သံယောဇဉ်
ဘယ်နတ်ဆိုးက မှဖျက်လို့မရဘူး
မှော်အတတ်နဲ့ဘယ်လောက်ပိတ်လှောင်ထားပါစေ
ငါတို့ရဲ့ သစ္စာနဲ့ ရုန်းထွက် နိုင်ခဲ့တယ်နော် …။
ဘယ်အရာက မှ
ငါတို့ကို ဝေးကွာအောင်မလုပ်နိုင်ပါဘူး
နင်နဲ့ငါ တစ်သားတည်းဖြစ်နေတဲ့အတွက်
ငါ့တို့ချစ်ခြင်း အလင်္ကာက
အမြဲတမ်း လှပ နေမှာ ပါ ချစ်သူ။
.................................သက်နှင်းချို(နှမတော်)
--------------------------------(မိုးပြာ-စုစည်းတင်ပြပါသည်။)
by ကဗျာနန်းတော်

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...