<div style='background-color: none transparent;'></div>

Friday, December 4, 2015

ခရေပန်းခြောက်လေးကို တယုတယ ထုပ်သိမ်းထားတဲ့ အချစ်မျိုးနဲ့ ချစ်တယ် မေ..

မတွေ့ရတဲ့ ရက်တွေကြာခဲ့ပါပြီ..မနှင်းဆီ
ဘာ...တခုမှ မပြောင်းလဲဘူး။
မနှင်းဆီရေ...
နုတ်ကတဖွဖွ ရွတ်မိတဲ့ ညတိုင်း
...ကဗျာဆန်နေဆဲပါပဲ

အရင်နေရာမှာ..အရင်လို စကားသံတွေ
ကိုယ့် အိပ်စက် နိုးထခြင်း...
ကိုယ့် ပင့်သက် လှိုက်မောခြင်း..
ကိုယ့် အိမ့်မက် အရိပ်အရောင်များရဲ့ နတ်မိမယ်
ဘာ...တခုမှ မပြောင်းလဲဘူး။
သူ့ကိုကြည့်ရင် ကိုယ့်ကိုမြင်တယ်
ကိုယ့်ကိုကြည့်ရင် သူ့အရိပ်..
...ရင်ထဲက စိတ်..
ပိတ်ထားတဲ့ အခန်းငယ်လေး။
နှစ်ကိုယ့်တစ်စိတ်အတူနီးဖို့
အိမ်မက်တွေ အရင့်အမာကြီးနဲ့
ကိုယ်ပုခုံးမှာမှ
....သူမအိမ်မက်တွေ
....ပွင့်ဖူးစေချင်တဲ့သူ
ဆောင်းမီးဖိုလေး..နွေလေပြေညှင်း
လမ်းသွားရင်းလည်း ပြုံးတတ်ခဲ့ပြီ။
ဆောင်းညချမ်းချမ်း..လကွေးကွေး
သူမကဗျာလေးနွေးထွေးဖို့
ရင်ထဲက သော့ခတ်...
အခန်းနံပါတ် ၁၅၀၀ မှာ..
အိမ်မက်လှလှ မက်ပါစေကွယ်
မေ့ မရလေသော နေ့ည များ...
အလွှာပါးပါး လေး ကာရံထားတဲ့
နှလုံးသား နံရံ အနား
မနှင်းဆီ နားလေးကပ်...
ကြားရဲ့ လားမနှင်းဆီလေး
နှလုံးသားက တေးသွားဆိုတာ
ရင်ခုန်သံ ညီမျှနားဝင်ပီယံလှပ
ချစ်သူတွေမှ...ကြားရသတဲ့
ညစဉ် ညတိုင်း ကြယ်ကြွေပုံပြင်နဲ့
နေမဝင် တဲ့ ချစ်ခြင်းတွေ...
ကြားရဲ့လား မနှင်းဆီလေး
မနှင်းဆီရေ...
နုတ်ကတဖွဖွ ရွတ်မိတဲ့ ညတိုင်း ကဗျာဆန်နေဆဲပါ။
လွင့် ဝေး အိမ် (မိုးပြာ)
by ကဗျာနန်းတော်

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...