ပုံမှန် အခြေအနေသို့ ပြန်လည်ရောက်ရှိ လာပြီဖြစ်သည့် လားရှိုးမြို့ပေါ် တစ်နေရာအား ဇွန် ၁၂ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ထွန်းနေလှိုင်)
လားရှိုးမြို့တွင် မေ ၂၈ ရက်မှ ၂၉ ရက် ည ၈ နာရီထိ ဖြစ်ပွားခဲ့သော ပဋိပက္ခ
ဖြစ်စဉ်ကြောင့် အရေးပေါ် ထုတ်ပြန်ခဲ့သော ပုဒ်မ ၁၄၄ အချိန်အား ဒုတိယအကြိမ်
ထပ်မံလျှော့ခဲ့ကြောင်း ဇွန် ၁၁ ရက် နံနက်ပိုင်းတွင် လားရှိုးမြို့နယ်
ရဲတပ်ဖွဲ့မှူး ရဲမှူးမိုးဇော်လင်းက ပြောကြားခဲ့သည်။
ပုဒ်မ ၁၄၄ စတင်
အမိန့်ထုတ်ပြန်ခဲ့သည့် မေ ၂၈ ရက်တွင် ည ၇ နာရီမှ နံနက် ၅ နာရီထိ
သွားလာခွင့် ပိတ်ပင်ခဲ့သော်လည်း ယခုအခါတွင် နယ်မြေအေးချမ်း သွားသဖြင့် ယခင်
ထုတ်ပြန်ထားသည့် အချိန်အား ထပ်မံလျှော့ချခဲ့ကြောင်း သိရသည်။
ပထမအကြိမ် လျှော့မှုမှာ ည ၈ နာရီမှ နံနက် ၄ နာရီထိဖြစ်ပြီး၊
ယခုဒုတိယအကြိမ် လျှော့ချမှုမှာ ည ၁၀ နာရီမှ နံနက် ၃ နာရီအထိဖြစ်ကြောင်း
လားရှိုးမြို့နယ် ရဲတပ်ဖွဲ့မှူးထံမှ သိရသည်။
အဆိုပါ အချိန်လျှော့ချမှုနှင့် ပတ်သက်၍ လားရှိုးမြို့နယ်
ရဲတပ်ဖွဲ့မှူးဖြစ်သူ ရဲမှူးမိုးဇော်လင်းက "အခု ပုဒ်မ ၁၄၄ ရဲ့ သက်ရောက်တဲ့
အချိန်ကို ဒုတိယအကြိမ် လျှော့ချခဲ့ပါတယ်။ နောက်ပိုင်းတွေမှာလည်း
နယ်မြေအေးချမ်း သွားတဲ့အတွက် ထပ်မံပြီးတော့ အချိန်တွေကို လျှော့ချသွားဖို့
ရှိတယ်။ အခု လားရှိုးမြို့ပေါ်မှာလည်း ဆိုင်ခန်းတွေအားလုံး ပြန်ဖွင့်နေပါပြီ"
ဟု ဇွန် ၁၁ ရက်၊ နံနက်ပိုင်းက ပြောကြားခဲ့သည်။
ယင်းပဋိပက္ခ ဖြစ်စဉ်ကြောင့် လားရှိုးမြို့ ၁၂ ရပ်ကွက်ရှိ မိုးလုံလေလုံ
အားကစားရုံနှင့် မန်ဆူးရှမ်း ဘုန်းကြီးကျောင်းတို့တွင် လာရောက်ခိုလှုံသူ
၁၅၀၀ ၀န်းကျင်ခန့် ရှိခဲ့ပြီး၊ ယခုအချိန်တွင် ပုံမှန်အခြေအနေသို့
ပြန်လည်ရောက်ရှိ သွားသဖြင့် ယခင်နေထိုင်ရာ နေရာများသို့ ပြန်လည်နေထိုင်
နေကြကြောင်း သိရသည်။
by weeklyeleven
Thursday, June 13, 2013
လားရှိုးမြို့ရှိ အားကစားရုံနှင့် ဘုန်းကြီးကျောင်းတွင် ခိုလှုံသူများ မူလနေထိုင်ရာသို့ ပြန်လည်နေထိုင် ကြပြီဖြစ်ပြီး ပုဒ်မ ၁၄၄ အချိန် ထပ်မံလျှော့ချ
Subscribe to:
Post Comments (Atom)










0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...