မန္တလေးမြို့တွင် ဧပြီလအတွင်းက ယာဉ်တိုက်မှုဖြစ်ပွားစဉ်
ငါးလတာကာလအတွင်း မန္တလေးခရိုင် ခုနစ်မြို့နယ်တွင် ယာဉ်တိုက်မှု ၁၇၁
မှုရှိခဲ့ပြီး သေဆုံးသူ ၈၂ ဦးနှင့် ဒဏ်ရာရသူ ၂၁၉ ဦးထိရှိခဲ့ရာ ဆိုင်ကယ်
ပါဝင်သော ယာဉ်တိုက်မှုမှာ အများဆုံးဖြစ်ကြောင်း သိရသည်။
ဆိုင်ကယ်ပါဝင်သော ယာဉ်တိုက်မှုများကို ကြည့်လျှင် ဆိုင်ကယ်ချင်းတိုက်မှု
၃၀၊ သေဆုံး ၇ ဦး၊ ဒဏ်ရာရ ၄၁ ဦး၊ ဆိုင်ကယ်နှင့် ယာဉ်တိုက်မှု ၄၅၊ သေဆုံး ၁၉
ဦး၊ ဒဏ်ရာရ ၅၈ ဦး၊ ဆိုင်ကယ်တိမ်းမှောက်မှု ၁၀ မှု၊ သေဆုံး ၅ ဦး၊ ဒဏ်ရာရ ၇
ဦး၊ ဆိုင်ကယ်မှ အခြားတိုက်မှု ၁၅ မှု၊ သေဆုံး ၁၃ ဦး၊ ဒဏ်ရာရ ၁၀ ဦး၊
ဆိုင်ကယ်မှ လူတိုက်မှု ၁၆ မှု၊ သေဆုံး ၈ ဦး၊ ဒဏ်ရာရ ၁၂ ဦး၊ ဆိုင်ကယ်နှင့်
စက်ဘီးတိုက်မှု ၃ မှု၊ သေဆုံး ၂ ဦး၊ ဒဏ်ရာရ ၄ ဦး၊ ကားပါဝင်သော
ယာဉ်တိုက်မှုမှာ ၅၂ မှု၊ သေဆုံး ၂၈ ဦး၊ ဒဏ်ရာရ ၈၇ ဦးထိရှိခဲ့ကြောင်း
မန္တလေးတိုင်း ယာဉ်ထိန်းရဲတပ်မှူးရုံး၏ စာရင်းဇယားများအရ သိရှိရသည်။
''ယာဉ်တိုက်မှုတွေကို ကြည့်ရင် ဆိုင်ကယ်ပါဝင်တဲ့ ယာဉ်တိုက်မှုတွေက
အများဆုံး ဖြစ်နေတယ်။ ဘာကြောင့်ဖြစ်လဲဆိုတော့ မဆင်မခြင်
မောင်းနှင်မှုကြောင့် အများဆုံးဖြစ်တယ်။ အရှိန်ပြင်း မောင်းနှင်မှုနဲ့
ယာဉ်မောင်း မကျွမ်းကျင်မှုတွေကြောင့်လည်း ပါတယ်။ ယာဉ်တိုက်မှု ဖြစ်ပွားအချိန်
အများဆုံးက ညနေ ၆ နာရီကနေည ၁၂ နာရီအချိန်တွေမှာ များပါတယ်'' ဟု
တာဝန်ရှိသူ၏ ပြောကြားချက်အရ သိရသည်။
မန္တလေးမြို့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ပိုမိုကောင်းမွန်စေရေး
အတွက် မြို့တွင်း၊ မြို့ပြင် လမ်းပိုင်းအလိုက် နေ့၊ ည စည်းကမ်းပျက်ယာဉ်များ
စစ်ဆေး အရေးယူခြင်းနှင့် ပညာပေးခြင်း လုပ်ငန်းများကို မန္တလေးမြို့တော်
စည်ပင်သာယာရေး ကော်မတီ၊ မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့၊ တိုင်းဒေသကြီး
ပို့ဆောင်ရေး စီမံကိန်း ဦးစီးဌာန၊ တိုင်းဒေသကြီး ကုန်းလမ်းပို့ရေး
ညွှန်ကြားမှုဦးစီးဌာန၊ မော်တော်ယာဉ်လိုင်းများ ထိန်းသိမ်းကြီးကြပ်ရေး
ကော်မတီ၊ စည်ပင်သာယာရဲတပ်ဖွဲ့၊ ခရိုင်အုပ်ချုပ်ရေး ၀န်ထမ်းမျာနှင့်
ပူးပေါင်း၍ စစ်ဆေးအရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
by weeklyeleven
Tuesday, June 11, 2013
ငါးလအတွင်း မန္တလေးခရိုင်အတွင်း ယာဉ်တိုက်မှု ၁၇၁ မှုရှိပြီး သေဆုံးသူ ၈၂ ဦးရှိ
Subscribe to:
Post Comments (Atom)










0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...