<div style='background-color: none transparent;'></div>

Thursday, November 28, 2013

ချန်ပီယံလိဂ်ပွဲရလဒ်များ

ကြာသပတေး နံနက်အစောပိုင်း ချန်ပီယံလိဂ် ပွဲစဉ်တွေ ယှဉ်ပြိုင်ခဲ့ရာ
မှာတော့ နာမည်ကျော်အသင်းကြီးတွေ ရလဒ်ကောင်းခဲ့ပြီး လေဗာကူဆင်ကို ဂိုးပြတ်အနိုင်ရခဲ့တဲ့ မန်ယူ၊ အိုလံပီယာကို့စ်ကို ကာဗာနီရဲ့ပွဲချိန်နှောင်းပိုင်းဂိုးနဲ့ နိုင်ပွဲယူခဲ့တဲ့ ပီအက်စ်ဂျီတို့ နောက်တစ်ဆင့်
တက်ဖို့သေချာသွားခဲ့ပါတယ်။ ဒါ့အပြင် ရော်နယ်ဒိုမပါတဲ့ ရီးရဲလ်ကလည်း ဘေးလ်၊ အာဘီလိုအာ၊ ဒီမာရီယာ၊ အစ္စကိုတို့ရဲ့ ဂိုးတွေနဲ့ ဂါလာတာစာရေးကို သက်သောင့်သက်သာ အနိုင်ရခဲ့ပါတယ်။ ဒါ့အပြင် ချန်ပီယံလိဂ် အုပ်စုပွဲစဉ်(၄)ပွဲ ကစားပြီးတဲ့ အချိန်အထိ နိုင်ပွဲမရခဲ့တဲ့ တူရင်ကလပ် ဂျူ ဗင်တပ်ကလည်း ဗီဒယ်ရဲ့ ဟက်ထရစ်ဂိုးကြောင့် ပထမဆုံး နိုင်ပွဲရရှိခဲ့ပြီး နောက်ဆုံးပွဲမှာ သရေကစားရုံနဲ့ နောက်တစ်ဆင့် အရောက်လှမ်းနိုင်တော့မှာ ဖြစ်ပါတယ်။

ပွဲရလဒ်များ

စီအက်စ်ကေအေ ၁ - ၃ ဘိုင်ယန်မြူးနစ်

လေဗာကူဆင် ၀ - ၅ မန်ယူ

ရှက်တာဒိုးနက် ၄ - ၀ ဆိုစီဒက်

ရီးရဲလ် ၄ - ၁ ဂါလာတာစာရေး

ဂျူ ဗင်တပ် ၃ - ၁ ကိုဗင်ဟေဂင်

အန်ဒါလက်ခ်ျ ၂ - ၃ ဘင်ဖီကာ

ပီအက်စ်ဂျီ ၂ - ၁ အိုလံပီယာကို့စ်

မန်စီးတီး ၄ - ၂ ပယ်လ်ဇန်

ထူးခြားမှတ်တမ်း

မန်ယူသည် ဂျာမနီမြေတွင် ကစားသည့် ချန်ပီယံလိဂ်ပွဲစဉ်တွင် (၅)ဂိုး သွင်းယူနိုင်သည့် ပထမဆုံး ပရီးမီးယားလိဂ် အသင်းဖြစ်လာပြီး ၁၉၉၉ခုနှစ်က ဂါလာတာစာရေးကို အဝေးကွင်းတွင် (၅)ဂိုးပြတ် အနိုင်ရသည့် ချဲလ်ဆီးအသင်း၏ စံချိန်နှင့်တူညီခဲ့။

ဗလင်စီယာဂိုးသွင်းသည့်ပွဲများတွင် ၀ီဂန်(အသင်းဟောင်း)နှင့် မန်ယူတို့ ရှုံးပွဲမရှိခဲ့။ (၂၄)ပွဲနိုင်၊ (၁)ပွဲသရေရလဒ် စွမ်းဆောင်ထား။

အိုလံပီယာကို့စ်နှင့်ပွဲတွင် အီဘရာဟီမိုဗစ်အတွက် ပွဲ(၁၀၀)ပြည့် ချန်ပီယံလိဂ်ပွဲစဉ် ဖြစ်လာခဲ့။

ဘိုင်ယန်မြူးနစ်မှာ ချန်ပီယံလိဂ် သမိုင်းတစ်လျှောက် (၁၀)ပွဲဆက် အနိုင်ရသည့် ပထမဆုံး အသင်းဖြစ်လာ။

ချန်ပီယံလိဂ် (၂၉)ပွဲဆက် ဂိုးသွင်းနိုင်ခဲ့သည့် ရီးရဲလ်မှာ ၎င်းတို့၏ အခါးသီးဆုံးပြိုင်ဘက် ဘာစီလိုနာ၏ စံချိန်နှင့် တူညီသွားခဲ့။

ဘိုင်ယန်တောင်ပံကစားသမား ရော်ဘင်မှာ နောက်ဆုံးကစားခဲ့သည့် ချန်ပီယံလိဂ်ပွဲစဉ်(၇)ပွဲတွင် (၆)ဂိုးသွင်းပြီး (၄)ဂိုးဖန်တီးပေးနိုင်ခဲ့။
 
by myawady

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...