<div style='background-color: none transparent;'></div>

Tuesday, November 5, 2013

ရခိုင် အမျိုးသမီး တစ်ဦး အသတ်ခံ ရမှုတွင် ကျူးလွန်သူ ဘင်္ဂလီ ကို စစ်တပ် နှင့် ရဲ ပူးပေါင်း ရှာဖွေ

ရခိုင်ပြည် နယ် ပေါက်တော မြို့နယ်တွင် နို ဝင်ဘာ ၂ရက်က ဒေသခံ အမျိုးသမီး တစ်ဦး အသတ်ခံရမှု တွင် ကျူး လွန်ခဲ့ သူများ ကို မြို့နယ် ရဲတပ်ဖွဲ့ မှူး၊ လုံထိန်း ရဲတပ်ဖွဲ့ နှင့် နယ်မြေ ခံ တပ်ရင်း တပ်ဖွဲ့တို့ ပူးပေါင်း ရှာ ဖွေ စုံစမ်း နေကြောင်း သိရသည်။ အမှု ကျူးလွန် ခဲ့သူများ မှာ နိုဝင်ဘာ ၂ရက် ညနေပိုင်းတွင် ဆင်တက်မော် ကျေးရွာ အုပ်စု ဆင် အိုင် ကျေးရွာမှ ငါးရှာ ထွက်လာ သည့် ဒေသခံ အမျိုးသမီး အုပ်စုကို ဓား၊ လှံလက်နက် များ ဖြင့် တိုက် ခိုက်ရာ အမျိုးသမီး တစ်ဦး ပွဲချင်း ပြီး သေဆုံးပြီး ကျန် အမျိုးသမီး တစ်ဦး တွင် ပြင်းထန်စွာ ဒဏ်ရာ ရရှိ ခဲ့ကြောင်း သိရသည်။

အမှု ကျူးလွန် သူများမှာ အခင်း ဖြစ်ပြီးနောက် ထွက်ပြေး လွတ်မြောက်နေ သည့် အတွက် ယင်း တို့ကို ပေါက်တော မြို့နယ် ရဲတပ်ဖွဲ့မှူး၊ လုံထိန်း ရဲတပ်ဖွဲ့နှင့် နယ်မြေခံ တပ်ရင်း တပ်ဖွဲ့တို့ ပူး ပေါင်းကာ ကုန်းလမ်းနှင့် ရေလမ်း နှစ်ခုစလုံး ကို လိုက်လံ ရှာဖွေ စုံစမ်း နေကြောင်း ပေါက်တော မြို့မရဲ စခန်းမှ တာဝန် ရှိသူ တစ်ဦး က ပြော သည်။

''အမှု ကျူးလွန်သူ သုံးဦး လို့ ကျွန်တော် တို့ သတင်း ရထား ပါ တယ်။ သူတို့တွေ ကို ဖမ်း မမိသေး ဘူး။ ကျွန်တော် တို့ အားလုံး ပူး ပေါင်းပြီး ရေကြောင်း ရော၊ ကုန်း ကြောင်းပါ ရှာဖွေ စုံစမ်း နေပါ တယ်'' ဟု အထက်ပါ တာဝန် ရှိသူ က ရန်ကုန်တိုင်းမ် နေ့စဉ် သတင်းစာ သို့ နိုဝင်ဘာ ၃ရက် မွန်းလွဲ ၃ နာရီခန့် တွင် ပြောသည်။

Yangon Media Group

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...