<div style='background-color: none transparent;'></div>

Tuesday, November 5, 2013

ဆင်ဖြူတော်ကို ဆရာဝန်များ၏ စစ်ဆေးချက်ပေါ်မူတည်ပြီး မူလနေရာတွင်သာ ချုပ်နှောင်ထား

ဆင်ဦးစီးကို အစွယ်ဖြင့်ထိုးကာ သေဆုံးစေခဲ့သော ရာဇဂ္ဂသီရိပစ္စယဂဇရာဇာ ဆင်ဖြူတော်ကို ကျွမ်းကျင်သော ဆရာဝန်များ၏ စစ်ဆေးချက်ပေါ် မူတည်ပြီး မူလနေရာတွင်သာ ချုပ်နှောင်ထိန်းသိမ်း ထားသေးကြောင်း ရတနာဆင်ဖြူတော် ဥယျာဉ်မှ ဦးစီးအရာရှိ ဦးတင်ဌေးဦးက နိုဝင်ဘာ ၃ ရက်က ပြောကြားခဲ့သည်။
ရတနာဆင်ဖြူတော် ဥယျာဉ်သည် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ကြို့ကုန်းအရှေ့ရပ်ကွက်ရှိ မင်းဓမ္မကုန်းတော်တွင် တည်ထားသော ကျောက်တော်ကြီး ဘုရားအနီးတွင် ထားရှိထားကြောင်း သိရသည်။
''ဆင်ဖြူတော်ကို ဆင်နားလည် တတ်ကျွမ်းတဲ့ ဆရာဝန်တွေရဲ့ စစ်ဆေးချက်ပေါ် မူတည်ပြီး ဒီမှာပဲထားသွားမှာ ဖြစ်ပါတယ်။ နေရာပြောင်း မထားဖြစ်သေးပါဘူး။ အခုဖြစ်တဲ့ နိုဝင်ဘာလကလည်း ဆင်တွေမုန်ယိုတဲ့ လလည်းဖြစ်တယ်။ ဒါပေမဲ့ ဖြစ်သွားတဲ့ အချိန်မှာ သူ့ရဲ့စိတ်ကို မှန်းလို့မရဘူး။ လောလောဆယ်တော့ ကြိုးတွေနဲ့ ချုပ်ထားရပါသေးတယ်။ ဆင်ထိန်းကျွမ်းကျင်တဲ့ ဆင်ထိန်းကြီးတွေနဲ့လည်း သူ့ကိုထိန်းသိမ်း နေပါတယ်'' ဟု ရတနာ ဆင်ဖြူတော် ဥယျာဉ်မှ ဦးစီးအရာရှိ ဦးတင်ဌေးဦးက ပြောကြားခဲ့သည်။

by weeklyeleven

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...