AGTI နှင့် B-Tech ကို ရိုးရိုးအောင်မြင်ထားသူများအနြေ
ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ အမျိုးသားဒီမိုကရေစီပါတီသစ်တွင်
“AGTI နဲ့ ရိုးရိုးအောင်ပြီးသွားတဲ့
ကျောင်းသားတွေက B-Tech ၀င်ခွင့်မရဘူး၊ B-Tech နဲ့ပြီးတဲ့သူတွေကလည်း BE
အတွက်ဆိုလည်း ဒီအတိုင်းပဲဆိုတော့ ရိုးရိုးအောင်တဲ့ ကျောင်းသားတွေက
ဒီဘွဲ့နဲ့ ဘာလုပ်ရမှာ လဲ” ဟု သန်လျင် နည်းပညာတက္ကသိုလ်၊ မြို့ပြဘာသာ
(Civil)နှင့် နည်းပညာဘွဲ့ B-Tech ရရှိ ထားသည့် ကိုတင်ကိုကိုက လက်ရှိ
၎င်းတို့ကြုံတွေ့နေရသည့် ပြဿနာကို ရှင်းပြသည်။
AGTI (Associate of
Government Technical Institute) ဒီပလိုမာသင်တန်းကို စာသင်နှစ်
နှစ်နှစ်နှင့် စာမေးပွဲဖြေဆို အောင်မြင်ပါက ရိုးရိုးနှင့် B-Tech ၀င်ခွင့်ရ
အောင်မြင်ခြင်းဟူ၍ နှစ်မျိုးရှိပြီး B-Tech သင် တန်းတွင်လည်း စာသင်နှစ်
နှစ်နှစ်တက်ရကာ ရိုးရိုးနှင့် BE (Bachelor of Engineering) ၀င်ခွင့်ရအောင်
မြင်ခြင်းဟူ၍ နှစ်မျိုးရှိသည်။
AGTI နှင့် B-Tech သင်တန်းများကို
ရိုးရိုးအောင်မြင်ထားပါက နောက်ထပ် တက်လိုသည့် သင်တန်းများကို
တက်ရောက်နိုင်ခွင့်မရှိတော့ဘဲ B-Tech နှင့် BEသင်တန်းများကို
ထပ်မံတက်ရောက်လိုလျှင် လေးနှစ်တစ်ကြိမ် ပြုလုပ်သည့် ၀င်ခွင့်စာမေးပွဲကို
ဖြေဆိုအောင်မြင်ပါက တက်ရောက်နိုင်မည် ဖြစ်သည်။
သို့သော် AGTI
နှင့်B-Tech ရိုးရိုး အောင်မြင်ထားသူများ ၀င်ခွင့်စာမေးပွဲ ဖြေဆိုရာတွင်
စာမေးပွဲဖြေဆို မည့်ရက်နှင့် လေ့လာချိန် မမျှတခြင်း၊ အောင်ချက်ပမာဏ
တစ်နှစ်နှင့် တစ်နှစ်ကွာဟမှုများကြောင့်အောင် မြင်ရန် အလွန်ခက်ခဲနေကြပြီး
ရိုးရိုးအောင်မြင်ခြင်းနှင့် ကျေနပ်လိုက်ရသည့် ကျောင်းသားမှာ အများစု ဖြစ်
နေသည်ဟု သတင်းစာရှင်းလင်းသည့် ကျောင်းသားများက ပြောသည်။
“ကျွန်တော်တို့ ဒီတက္ကသိုလ်ကို စတက်ကတည်းက လိုချင်တာ အင်ဂျင်နီယာဘွဲ့ဗျ” ဟု ကိုတင်ကိုကို ကပြောသည်။
သန်လျင်မှ B-Tech ရိုးရိုးအောင်မြင်ထားသည့် ကျောင်းသား ၆၀၀ က ၂၀၁၂
စာသင်နှစ် BE (အင်ဂျင်နီ ယာဘွဲ့) သင်တန်းတက်ရောက်နိုင်ရန် ၀င်ခွင့်
စာမေးပွဲဖြေဆိုခဲ့ရာ ၂၀၀ ကျော်သာ အောင်မြင်ခဲ့သော် လည်း ၂၀၁၃ ခုနှစ်တွင်မူ
ကျောင်းသား ၆၀၀ ဖြေဆိုခဲ့ရာတွင် ၅၇၀ ကျော် အောင်မြင်ခဲ့သည်။
AGTI
နှင့် B-Tech ရိုးရိုးအောင်မြင်ထားသည့် ကျောင်းသားများအနေနှင့်
ဝင်ခွင့်စာမေးပွဲ ဖြေဆိုအောင် မြင်မှု ပမာဏမှာ တစ်နှစ်နှင့် တစ်နှစ်
ကွာခြားသည့်အတွက် အချို့ကျောင်းသားများမှာ မဖြေ၀ံ့ကြတော့ ဘဲ
အဝေးသင်တက္ကသိုလ်သို့ ၀င်ရောက်ကာ ၀ိဇ္ဇာဘွဲ့တစ်ခုခုကိုသာ ယူလိုက်ရသည့်
ကျောင်းသားမှာ များလာ နေကြောင်း နည်းပညာကျောင်းသားများက
သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
နည်းပညာဘွဲ့ B-Tech(Civil)
နှင့် ဒီပလိုမာရထားပြီး အင်ဂျင်နီယာဘွဲ့ရရန် ကြိုးစားနေသူ မဆုမြတ်
အောင်ဇော်က “ကျွန်မတို့ ဒီကျောင်းကို စတက်ကတည်းက မိဘတွေမှာ
ငွေကုန်ခံပြီးထားရတာ။ အင်ဂျင် နီယာဘွဲ့ မရလို့ ဘာလုပ်ကြမှာလဲ။ ၀င်ခွင့်ပါ
မအောင်ကြတော့ နောက်ထပ် ကျွန်မတို့ရဲ့ အချိန်တွေကုန် ပြီးတော့ စိတ်ဓါတ်တွေပါ
ကုန်ခမ်းသွားတယ်” ဟု ဆိုသည်။
ယခုဖြစ်ပွားနေသည့် ပြဿနာများကို
အမျိုးသားဒီမိုကရေစီပါတီသစ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စား လှယ်
ဦးသိန်းညွန့်က လက်ရှိပညာသင်ယူနေသည့် ကျောင်းသားများမှာ အစိုးရ၏
“အစမ်းသပ်ခံ သတ္တ၀ါ လေးများ” ဖြစ်နေကြောင်း ပညာရေးစနစ်ကို ဝေဖန်လိုက်ပြီး
ယခုကဲ့သို့ ပြဿနာများပေါ်မူတည်၍ လာ မည့် န၀မအကြိမ်လွှတ်တော်တွင်
မေးမြန်းသွားရန် ပြင်ဆင်ထားပြီး ဖြစ်သည်။
AGTI နှင့်
B-Techရိုးရိုး အောင်မြင်ထားသည့် ကျောင်းသားများတွင်AGTI
အောင်မြင်ထားသူများမှာ အများစုဖြစ်ပြီး လက်ရှိတွင် သတင်းစာရှင်းလင်းပွဲ
ဦးဆောင်သူများအနေနှင့် သိပ္ပံနှင့် နည်းပညာဝန်ကြီး ဌာနသို့တင်ပြရန်
လက်မှတ်များ ကောက်ယူလျက်ရှိသည်။
by mizzima
Wednesday, December 4, 2013
BE နှင့် B-Tech ၀င်ခွင့်စနစ်များ ပြောင်းလဲပေးရန် ကျောင်းသားတို့ တောင်းဆို
Subscribe to:
Post Comments (Atom)
betmatik
ReplyDeletekralbet
betpark
tipobet
slot siteleri
kibris bahis siteleri
poker siteleri
bonus veren siteler
mobil ödeme bahis
Y77OPC
bahis siteleri
ReplyDeletehttps://bahissiteleri.io
youwin
bets10
1xbet
PLBGN
ankara
ReplyDeleteyozgat
üsküdar
kumluca
bodrum
RRY
https://saglamproxy.com
ReplyDeletemetin2 proxy
proxy satın al
knight online proxy
mobil proxy satın al
RDMFD
شركة تنظيف بالاحساء
ReplyDeleteA3pqRnC8sD
شركة تسليك مجاري بالاحساء jon8E1FT6W
ReplyDeleteشركة صيانة افران الغاز
ReplyDeletejdLdVcit8w