<div style='background-color: none transparent;'></div>

Friday, December 6, 2013

လေဖြတ်ထားသူတစ်ဦး ဆေးလိပ်သောက်ရာမှ မီးလောင်သေဆုံး

အသက် ၆၈ နှစ်အရွယ် လေဖြတ်ရောဂါ ဝေဒနာရှင် အမျိုးသားတစ်ဦး အိပ်ရာပေါ်တွင် ဆေးလိပ်သောက်ရာမှ ဆေးလိပ်မီးပွား ဂွမ်းကပ်ပေါ်ကျ၍ ခန္ဓာကိုယ် တစ်ခုလုံး မီးလောင် သေဆုံးမှု တွံတေးမြို့နယ် ရွှေဆံတော် ရပ်ကွက် ၁၁ လမ်းတွင် ဒီဇင်ဘာလ ၅ ရက် နံနက် ၄ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနထံမှ သိရှိရသည်။

အဆိုပါတဲတွင် လေဖြတ်ဝေဒနာ ခံစားနေရသူ အသက် ၆၈ နှစ်အရွယ် ဦးသက် (ခ) ဦးတိုးမြင့်မှာ အိပ်ရာထဲတွင် လဲနေကြောင်း၊ မီးလောင်ကျွမ်းချိန်တွင် အမျိုးသားကြီးက အော်ဟစ်ကာ အကူအညီ တောင်းခံသောကြောင့် အနီးတွင် နေထိုင်သူများက ၁၀ မိနစ် အကြာတွင် မီးငြှိမ်းသတ် နိုင်ခဲ့ကြောင်း တွံတေးမြို့နယ် ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

အဆိုပါ မီးလောင်မှုတွင် မီးလောင် သေဆုံးသူ အပါအဝင် ဂွမ်းကပ်၊ ခြင်ထောင်နှင့် ဓနိအချို့မီးလောင်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရှိရသည်။
“အိပ်ရာထဲမှာလဲနေပြီး လက်တစ်ဖက်ပဲ လှုပ်နိုင်တာ။ လှုပ်နိုင်တဲ့လက်နဲ့ ဆေးလိပ်သောက်ရင်း မီးလောင် သေသွားတာ” ဟု ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင် အရာရှိတစ်ဦးက ပြောကြားသည်။

သေဆုံးသူ၏ ရုပ်အလောင်းကို တွံတေးမြို့နယ် ဆေးရုံတွင် ပို့အပ်ကာ စစ်ဆေးလျက် ရှိပြီး မီးလောင် သေဆုံးသူ အမျိုးသားကြီးကို (ပ) ၄၃၂/၁၃၊ ပုဒ်မ ၂၈၅/၃၀၄ (က) တို့ဖြင့် အမှုဖွင့်ထားကြောင်း အဆိုပါ မြို့နယ် မြို့မရဲစခန်းထံမှ သိရှိရသည်။


by the voice weekly

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...