ရန်ကုန် မြို့တော်ခန်းမရှေ့၌ နေထိုင်စရာ မြေရရေး ဒီဇင်ဘာ ၅ ရက်တွင်
လူထုအကူညီ တောင်းခံခဲ့သည့် လွတ်လပ်ရေးမော်ကွန်းဝင် ပထမအဆင့်
ဦးတင်ဇနီးဖြစ်သူ ဒေါ်တင်ရီကို ယင်းနေ့တွင်ပင် ကျောက်တံတား မြို့နယ်ရဲစခန်းက
ခွင့်ပြုချက်မရဘဲ စီတန်းလှည့်လည်မှု ပုဒ်မ ၁၈ ဖြင့် အရေးယူလိုက်သည်ဟု
ကျောက်တံ တားမြို့နယ် ရဲတပ်ဖွဲ့မှူး ဒု-ရဲမှူးမျိုးမြင့်ကြိုင်က ဆိုသည်။
“သူက ကန့်သတ်နယ်မြေထဲမှာ ဗီနိုင်းနဲ့ ဆန္ဒဖော်ထုတ်တော့ အများနည်းတူ
အမှုဖွင့်ရတာပေါ့။ သူများတွေ ကိုလည်း အရေးယူတော့ သူ့ကိုလည်း အရေးမယူရင်
မကောင်းဘူးလေ”ဟု ပြောသည်။
၎င်းကို ဒီဇင်ဘာ ၁၂ ရက်တွင် ရုံးတင်တရားစွဲဆိုမည်ဟု ဒုတိယရဲမှူး မျိုးမြင့်ကြိုင်က ဆိုသည်။
ဒေါ်တင်ရီက ယနေ့နံနက် ၁၀ နာရီ ၄၅ မိနစ်ခန့်၌ မြို့တော်ခန်းမရှေ့တွင်
“တပ်ရင်း-၂၊ တပ်တွင်းထောက် လှမ်းရေး၊ လွတ်လပ်ရေးမော်ကွန်းဝင် ပထမအဆင့်၏ဇနီး
မြေ၀ယ်မရ၍ နေရာမရှိ ဒုက္ခရောက်နေပါသည်” ဟူသည့်ဆိုင်းဘုတ် ကိုင်ဆောင်၍
အကူအညီတောင်းခံခဲ့ခြင်းဖြစ်ပြီး
ဒေါ်တင်ရီသည် မြန်မာ့လွတ်လပ်ရေးတိုက်ပွဲဝင်ကာ
ဦးတင်သည် နိုင်ငံတော်သမ္မတ
ဦးမန်းဝင်းမောင်လက်ထက် ၁၉၆၁ခုနှစ်၊ သြဂုတ်လ ၁၉ ရက်နေ့တွင် သမ္မတ အိမ်တော်၌
လွတ်လပ်ရေးမော်ကွန်းဝင် ပထမအဆင့် ဆုတံဆိပ်ချီးမြှင့်ခံရသူ ၂၂၀ ဦးထဲမှ
တစ်ဦးဖြစ်သည်။
ပုဒ်မ ၁၈ ဖြင့် အရေးယူခံရသူ ဒေါ်တင်ရီက လက်ရှိတွင်
နေထိုင်စရာ မြေနေရာမရှိသဖြင့် ကူညီလိုသူ မည် သူမဆို အကူညီပေးနိုင်ရန်
အကူညီတောင်းခံခြင်းသာဖြစ်သည်ဟု မဇိ္ဈမကို ပြောသည်။
သူသည် ၂၀၁၀
ပြည့်နှစ်တွင် တောင်ဥက္ကလာမြို့နယ်၊ စစ်မှုထမ်းဟောင်းအဖွဲ့သို့
အကူအညီတောင်းခံခဲ့ဖူး သော်လည်း မရခဲ့ဟု ဆိုသည်။ ထို့ပြင် ၂၀၁၃
ခုနှစ်အတွင်း၌ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ထံ မြေ၀ယ်ယူနိုင်ရေး
လျှောက်ထားရာတွင် ရောင်းချပေးရန်မရှိဟူ၍ ပြန်လည် ဖြေဆိုခြင်းကိုသာ ကြုံခဲ့ရ
သည်ဟု ဒေါ်တင်ရီက ပြောသည်။
“ဗိုလ်ချုပ်ကိုယ်တိုင်ပေးခဲ့တဲ့
ယင်းတို့နှင့်စပ်လျဉ်း၍ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း
လက်ရှိနိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ် ထံသို့ မဇ္ဈိမက
မေးမြန်းခဲ့ရာတွင် “မော်ကွန်းဝင်တွေကို ထောက်ပံ့ထားတာတွေ ရှိတယ်။
သူ့ဥပဒေပါအတိုင်း ခံစားခွင့်ရှိတာတွေကို ခံစားခွင့်ပြုထားပါတယ်။
အစိုးရကနေပြီးတော့ သက်သက် အစီအစဉ်နဲ့ ထောက်ပံ့ဖို့ တော့ မရှိသေးဘူး”ဟု
ပြန်လည် ဖြေဆိုခဲ့သည်။
လွတ်လပ်ရေးတိုက်ပွဲတွင် ပါဝင်ခဲ့သူအချို့၏
မိသားစုဝင်များကမူ အစိုးရအနေဖြင့် ခေတ်ကာလနှင့် လျော် ညီသော
ထောက်ပံ့ချီးမြှင့်ငွေဖြစ်ရေး ပြင်ဆင်ပေးသင့်သည်ဟု ယခုလအတွင်း မဇ္ဈိမကို
ဖြေဆိုခဲ့ဖူးသည်။
by mizzima
Friday, December 6, 2013
လွတ်လပ်ရေးမော်ကွန်းဝင် ပထမအဆင့် ဦးတင်၏ ဇနီးဆိုသူ ပုဒ်မ ၁၈ ဖြင့် အမှုဖွင့်ခံရ
Subscribe to:
Post Comments (Atom)










0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...