<div style='background-color: none transparent;'></div>

Friday, December 6, 2013

Facebook၊ Gmail နှင့် Twitter ၀က်ဘ်ဆိုဒ်များမှ password နှစ်သန်းနီးပါး Hacker တိုက်ခိုက်ခံရ

Facebookု ၊ Google ၊Twitter ၊ Yahoo နှင့် အခြားလူမှုရေးဝက်ဘ်ဆိုဒ်များမှ account နှစ်သန်းနီးပါး၏usernames နှင့်passwords များ ဟက်ကာများ၏ခိုးယူခြင်းခံခဲ့ရကြောင်း သိရသည်။

ယခုကဲ့သို့ အချက်အလက်အများအပြား ခိုးယူခံရမှုသည် ကမ္ဘာတစ်ဝန်းရှိ များပြားလှသော ကွန်ပျူတာ များတွင် keylogging ဆော့ဖ်ဝဲလ်များကို installed ပြုလုပ်၍ ရယူထားသောအကျိုးဆက်ဖြစ်ကြောင်း Trustwave ဆိုက်ဘာလုံခြုံရေး ကုမ္ပဏီမှ သုတေသီများက ပြောကြားသည်။

ဗိုင်းရပ်စ်များသည် ပြီးခဲ့သောလက အဓိကကျသောဝက်ဘ်ဆိုဒ်များ၏ အချက်အလက်အထောက် အထားများကို log-in ပြုလုပ်ရယူခဲ့ပြီး ဟက်ကာများ ထိန်းချုပ်လုပ်ကိုင်သော sever ထံသို့usernames နှင့် passwords များကို ပို့ပေးခဲ့ခြင်း ဖြစ်သည်။

Trustwave မှ သုတေသီများသည် နိုဝင်ဘာ ၂၄ရက်က နယ်သာလန်နိုင်ငံရှိ server ကို ခြေရာခံရာမှ ၀က်ဘ်ဆိုဒ် ၉၃,၀၀၀ ကျော်၏ အချက်အလက် အထောက်အထားများကို ရှာဖွေတွေ့ရှိခဲ့သည်။

Trustwave ကုမ္ပဏီသည် ဆိုက်ဘာတိုက်ခိုက်ခံရသည့်ကုမ္ပဏီများကို အကြောင်းကြားခဲ့ပြီး ၎င်းတို့၏ တွေ့ရှိမှုကို လူသိရှင်ကြားဖော်ပြခဲ့သည်။

မိမိတို့အနေဖြင့် ယင်း account များအတွင်းသို့ ဟက်ကာများဝင်ရောက်ခဲ့သည့် သက်သေအထောက် အထားမရှိသော်လည်း ၎င်းတို့ဝင်ရောက်ခဲ့ဖွယ်ရှိသည်ကို တွေ့ရှိခဲ့ကြောင်း Trustwave ကုမ္ပဏီမှ လုံခြုံရေးသုတေသနမန်နေဂျာ ဂျွန်မီလ်လာက ပြောကြားသည်။

မိမိတို့အနေဖြင့် အသုံးပြုသူများ၏ password များကို ပြန်လည်သတ်မှတ်ပေးခဲ့ကြောင်း ADP၊ Facebook၊ Linkkedln နှင့် Twitter တို့က CNNMoney သို့ ပြောကြားခဲ့ပြီး Google ကုမ္ပဏီက ထင်မြင် ချက်များပေးရန် ပယ်ခဲ့ကြောင်းနှင့် Yahoo ကုမ္ပဏီကလည်း ချက်ချင်းတုံ့ပြန်ဖြေကြားခြင်းမရှိကြောင်း သိရသည်။

မိမိတို့အဖွဲ့အနေဖြင့် PC ကွန်ပျူတာ အများအပြားသို့ ဗိုင်းရပ်စ်များဝင်ရောက်မှုနှင့်စပ်လျဉ်း၍ ယခုအချိန် ထိ သိရှိခြင်းမရှိသေးကြောင်းနှင့် ဟက်ကာများသည် keylogging ဆော့ဖ်ဝဲလ်များကိုပြုလုပ်၍ server မှတစ်ဆင့် အချက်အလက်များကို ရယူခဲ့ခြင်းဖြစ်ကြောင်း၊keylogging ဆော့ဖ်ဝဲလ်များသည် ဗိုင်းရပ်စ် ကိုက်ခံရသည့်ကွန်ပျူတာများကို ခြေရာခံနိုင်ဖွယ်ရှိကြောင်း မီလ်လာက ပြောကြားသည်။

ခိုးယူခံရသောအချက်အလက်များတွင် File Transfer Protocol နှင့် ချိတ်ဆက် အသုံးပြုသောအချက် အလက် 41,000 နှင့် log-ins 6,000 ပါဝင်သည်။ ဟက်ကာများသည် အောက်တိုဘာ ၂၁ရက်ကpass-word များ လျှို့ဝှက်စုဆောင်းမှုကို စတင်လုပ်ဆောင်ခဲ့ပြီး ဟက်ကာတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ် ကြောင်း၊Trustwave ကုမ္ပဏီသည် နယ်သာလန်ရှိserver ကို တွေ့ရှိခဲ့သော်ငြားလည်း ယခုအချိန်ထိ ခြေရာခံ၍မရနိုင်သေးသော အလားတူserver အများအပြားရှိကြောင်း မီလ်လာက ပြောကြားသည်။


by mizzima

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...