<div style='background-color: none transparent;'></div>

Tuesday, March 11, 2014

ဗိုက်မကြာခဏအောင့်၍ အဆိပ်သောက်ဟုဆို

သုံးခွမြို့နယ်တွင် ဗိုက်မကြာခဏအောင့်သည်ကိုမခံစားနိုင်သဖြင့် အဆိပ်သောက်ကာ မိမိ
ကိုယ်မိမိ သေကြောင်းကြံစည်ခဲ့သည်ဆိုသူကို အရေးယူပေးရန်တိုင်ကြားခဲ့မှု မတ်လ ၆ ရက်
နေ့က ဖြစ်ပွားခဲ့သည်။

အဆိုပါနေ့ နံနက် ၁၀ နာရီခွဲ အချိန်ခန့်တွင် သုံးခွမြို့မရဲခစန်းက ဒုရဲအုပ်နိုင်ဦး နှင့်အဖွဲ့ သည်
အဆိပ်သောက်သုံးသူတစ်ဦးရောက်ရှိနေကြောင်း သတင်းအရ သွားရောက်စစ် ဆေးခဲ့ သည်။

စုံစမ်းချက်အရ အသက် ၄၄ နှစ်အရွယ် အမျိုးသမီးတစ်ဦး ဖြစ်ပြီး မကြာခဏဗိုက် အောင့်ဝေဒနာ
ခံစားနေရသည်ကို မခံမရပ်နိုင် ဖြစ်ကာကြွက်သတ်ဆေးကိုသောက်သုံး ခဲ့ခြင်း ဖြစ်ကြောင်း သိရ
သဖြင့်အရေးယူပေးရန်တိုင် ကြားခဲ့သည်။ သုံးခွမြို့မရဲစခန်းက (ပ)၇၃/၁၄ ပြစ်မှုပုဒ်မ ၃၀၉ အရ
အမှုဖွင့်အရေး ယူထားကြောင်းသိရသည်။

တိုးဝေအောင်

မြန်မာတိုင်း(မ်)

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...