အစားအသောက်အကြောင်း ဘလောဂ့်ပေါ်မှာ မတင်ဖြစ်တာ ကြာပါပြီ။ ဒီနေ့တော့ ရိုးရိုးရှင်းရှင်းနဲ့ လွယ်လွယ်ကူကူ ချက်စားနိုင်တဲ့ ပုဇွန်ငရုပ်ကောင်း အစပ်ချက်နည်းလေး တင်ချင်ပါတယ်။ ဒီချက်နည်းဟာ အဆာပလာလည်း အများကြီး ရှိဖို့မလိုဘဲ လွယ်ကူစွာ ချက်စားနိုင်ပြီး အရသာလည်း ရှိပါတယ်။ ချက်နည်းကို အောက်မှာ ဖော်ပြပါမယ်နော်။
ပထမဦးစွာ ပုဇွန်အရွယ်တော်များကို အခွံခွာ၊ ရေစင်စင်ဆေးပြီး ဆား၊ အရသာမှုန့်၊ ပဲငံပြာရည်၊ သကြား အနည်းငယ်တို့ဖြင့် နယ်ထားလိုက်ပါတယ်။
ထို့နောက် ပုံပါအတိုင်း ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုပ်သီးစိမ်း (မိမိစားနိုင်သလောက်) ကို ပါးပါးလှီး၊ တောက်တောက်စင်းထားလိုက်ပါတယ်။
ဒယ်အိုးတစ်လုံးကို အပူပေးပြီးနောက် ဆီ ၂ကျပ်သားခန့် ထည့်ပါတယ်။ ဆီကျက်ရင် ကြက်သွန်ဖြူ၊ နီ တို့ကို ထည့်မွှေပါတယ်။
ကြက်သွန်များထည့်ပြီး မကြာခင်မှာ ငရုပ်သီးများကို ထည့်ကြော်ပါတယ်။
ပြီးလျှင်တော့
ပုဇွန်များကို ထည့်မွှေလိုက်ပါတယ်။ ဆား၊ အရသာမှုန့် တို့ကို လိုအပ်မယ်သလောက်
ထည့်ပါတယ်။ ပုဇွန်များကို မချက်ခင်မှာလည်း အရသာဝင်အောင် နယ်ထားပြီဖြစ်လို့
အများကြီးထပ်ထည့်ဖို့ မလိုတော့ပါ။
ပုဇွန်များထည့်ပြီး မကြာမီ ငရုပ်ကောင်း ဇွန်းသေး တစ်ဇွန်းခန့် ထည့်ပါတယ်။ ပုဇွန်ဟာ
ကျက်လွယ်သော ဟင်းဖြစ်သောကြောင့် မီးဖိုပေါ် အချိန်ကြာကြာထားရန် မလိုပါ။
၃မိနစ် (သို့) ၅မိနစ်ခန့် ကြာလျှင် နံနံပင်များထည့်မွှေကာ ချနိုင်ပါပြီ။
ဆီပြန်ဟင်းစားရတာ ငြီးငွေ့နေသူများအတွက်
ဆီနည်းနည်း ၊ ငရုပ်ကောင်းနံ့မွှေးမွှေး၊ အရသာစပ်စပ်လေးဖြင့် စားနိုင်သော
အရသာရှိလှသည့် ပုဇွန်ငရုပ်ကောင်း အစပ်ချက် ရပါပြီ။
လျှာရင်းမြက်စေမဲ့ ပုဇွန်ငရုပ်ကောင်းချက်ပါ။
by missgreenlady











0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...