ဂျာမနီနိုင်ငံ အနောက်ပိုင်း၌ စစ်ဘက်အထူး ဂျက်လေယာဉ်တစ်စင်းသည် ဂျာမန်လေတပ်
ယူရို ဖိုက်တာဂျက်လေယာဉ်နှင့် ဝေဟင်တွင် တိုက်မိပြီး ပျက်ကျသွားခဲ့သည်။
အဆိုပါ လေယာဉ်သည် အောစဘတ်မြို့အနီး သစ်တောအတွင်း ပျက်ကျသွားခဲ့ရာ တစ်ဦး သေဆုံးပြီး အခြားတစ်ဦးအသက်အန္တရာယ် စိုးရိမ်နေရသည်ဟု ဆိုသည်။
ယူရိုဖိုက်တာဂျက်လေယာဉ်သည် ကိုလုံမြို့အနီး ၎င်း၏ အခြေစိုက် စခန်းသို့ ဘေးကင်းစွာ ဆင်းသက် နိုင်ခဲ့သည်ဟု ဆိုသည်။ ၎င်း ဂျက်လေယာဉ်သည် အခြားသော ယူရိုဖိုက်တာဂျက်လေယာဉ်နှင့် လေ့ကျင့်မှုပြု လုပ်စဉ်အတွင်း ယင်းကဲ့သို့ မတော်တဆ ဖြစ်ခဲ့ရခြင်းဖြစ်ကြောင်း ဂျာမန်မီဒီယာကပြောသည်။
လီယာဂျက်သည်လည်း အဆိုပါ စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်ကြောင်း ဒိုင်းဝက်သတင်းဝက်ဘ်ဆိုက်တွင် ဖြော်ပသည်။ မီးသတ်တပ်ဖွဲ့ဝင်များက ၎င်းလေယာဉ်ပျက်ကိုတွေ့ရကြောင်း၊ အနီးတွင် သေဆုံးသူတစ်ဦး၏ ရုပ်အလောင်းကိုလည်း တွေ့ရကြောင်း သတင်းတွင်ဖော်ပြသည်။
(ဘီဘီစီ)

0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...