ကျွန်မက အာလူးကို
တော်တော်ကြိုက်ပါတယ်။ အဲဒီလို အာလူးကြိုက်တော့ အာလူးကို ဟင်းချက်စား၊
မုန့်လုပ်စားနိုင်မဲ့ နည်းလမ်းတွေ ရှာကြံပြီး လုပ်စားဖြစ်ပါတယ်။
ဟိုတလောက်တော့ အာလူးမျှင်အကြွပ်ကြော် ကြော်စားတာကို ဖေစ့်ဘွတ်မှာ
တင်ဖြစ်ပါသေးတယ်။ ဒီတစ်ခါတော့ အာလူးကို ချိစ်ရယ်၊ အသားပြား(ဝက်အူချောင်း)
ရယ်၊ ညှပ်ပြီး ကင်စားဖြစ်ပါတယ်။ အရသာ တော်တော်လေးကို ကောင်းတာကြောင့်
မကြာခဏ လုပ်စားဖြစ်တော့မဲ့ နည်းလေးတစ်ခုပါ။ စားလို့ကောင်းတဲ့
အာလူးကင်နည်းကို အားလုံးသိအောင် ပြန်လည် မျှဝေပါမယ်နော်။ ဒီနည်းကတော့
အင်တာနက်မှာ ရှာဖွေရင်းနဲ့ တွေ့လာတဲ့ ဓာတ်ပုံလေးတစ်ပုံကို အခြေခံပြီး
လုပ်ကြည့်မိတဲ့ နည်းလေးဖြစ်ပါတယ်။
ကင်မဲ့ အာလူးတွေကို
အပေါ်ခွံခြစ်ပစ်ပြီး ရေစင်အောင်ဆေးထားပါတယ်။ အာလူးကင်ဖို့အတွက်တော့
အာလူးအလုံးကြီးကြီးတွေကို သေချာရွေးထားတာပါ။ ပုံမှန်အာလူးထက် ၃လုံးစာလောက်
ရှိပါတယ်။

အာလူးတွေကို မထူမပါး
လှီးပါတယ်။ အဲလို လှီးတဲ့အခါ အောက်ဘက်မှာ
နည်းနည်းချန်ထားပြီး ပြတ်မထွက်အောင် ဂရုစိုက်ပြီး လှီးထားတာပါ။ ဒါမှလည်း
အလုံးလိုက်လေး ဖြစ်နေမှာပါ။ သို့ပေမဲ့ အညှားနဲ့ ချိစ်ပြားလေးတွေ
ညှပ်လို့ရအောင်လည်း အောက်နားထိရောက်အောင်လှီးဖို့ လိုပါသေးတယ်။
ထို့နောက်မှာ အာလူးတွေကို အရသာဝင်အောင် ဆားနည်းနည်းစီနဲ့ နယ်ထားပါတယ်။
ချိစ်ပြားလေးတွေနဲ့ အသားပြားတွေကို အာလူးနဲ့ သင့်တော်မဲ့
ပမာဏအတိုင်းလှီးဖြတ်ပြီး အာလူးကြားထဲမှာ ညှပ်ပါတယ်။ အသားပြားကိုတော့
ဒီနေရာမှာ sausage ခပ်ကြီးကြီးကို သုံးထားတာပါ။ ချိစ်နဲ့ အသားကို
ညှပ်ပြီးတာနဲ့ ငရုပ်ကောင်းမှုန့်ဖြူးပါတယ်။ ထောပတ်တွေနဲ့ လိုက်သုတ်ပါတယ်။
ပြီးရင်တော့ Oven ထဲထည့်ပြီး အပေါ်မီးအောက်မီးနဲ့ အချိန် တစ်နာရီလောက် ဖုတ်ထားလိုက်ပါတယ်။

အာလူးကျက်သွားပြီဆိုရင် အပြင်ထုတ်ပြီး ငရုပ်ကောင်းနဲ့
ကြက်သွန်မြိတ်ပါးပါးလှီးထားတာ ဖြူး၊ ထောပတ်သုတ်ပြီး
၁၀မိနစ်လောက် ပြန်ထည့်ကင်ပါတယ်။ ဒါဆိုရင် အနံ့အရသာ အလွန်ကောင်းတဲ့
ချိစ်၊အသားပြား အာလူးကင် ရပါတယ်။
အာလူးကင်ဟာ ကော်ဖီနဲ့ တော်တော်လေးကို လိုက်ဖက်လှပါတယ်။ ပြီးတော့လည်း အာလူးတစ်လုံးထဲကို ထမင်းတစ်နပ်စားလိုက်ရသလို လူကို ဝအီသွားစေပါတယ်။ (အာလူးကြီးကြီး ကင်ထားတာကိုတော့ ထည့်မပြောဘူး ) :P :P ညီအစ်မ ၂ယောက် တစ်ယောက်တစ်လုံး စားပါတယ်။
ကော်ဖီခွက်ဘေးက ရေမွှေးပန်းလေးကလည်း မွှေး၊ ကော်ဖီကလည်း မွှေး၊ အာလူးကင်ကလည်း မွှေးလှပါတယ်...
မရိုးနိစ်လေး ဆမ်းစားရင် ပိုပြီးတော့ အရသာကောင်းပါတယ်။
ဒါပေမဲ့ အထက်ပါ နည်းအတိုင်း ကင်တဲ့အခါမှာ အားနည်းချက်တစ်ခုကို တွေ့ရပါတယ်။ အဲဒါကတော့ ချိစ်တွေ အားလုံးဟာ အရည်ပျော်ပြီး အောက်မှာ မီးတွေတူးကုန်ပါတယ်။ အာလူးကတော့ ချိစ်အရသာ ဝင်ပြီး တော်တော်လေး စားကောင်းပေမဲ့ ချိစ်တွေအားလုံး အရည်ပျော်ကုန်ပြီး မီးတူးကုန်လို့ ကျွန်မက နှမြောလှပါတယ်။ အဲဒါကြောင့် နောက်နေ့မှာတော့ အခြားနည်းလမ်းတစ်ခုနဲ့ ပြန်ကြိုးစားပါတယ်။
ဒုတိယနည်း

ဒါပေမဲ့ အထက်ပါ နည်းအတိုင်း ကင်တဲ့အခါမှာ အားနည်းချက်တစ်ခုကို တွေ့ရပါတယ်။ အဲဒါကတော့ ချိစ်တွေ အားလုံးဟာ အရည်ပျော်ပြီး အောက်မှာ မီးတွေတူးကုန်ပါတယ်။ အာလူးကတော့ ချိစ်အရသာ ဝင်ပြီး တော်တော်လေး စားကောင်းပေမဲ့ ချိစ်တွေအားလုံး အရည်ပျော်ကုန်ပြီး မီးတူးကုန်လို့ ကျွန်မက နှမြောလှပါတယ်။ အဲဒါကြောင့် နောက်နေ့မှာတော့ အခြားနည်းလမ်းတစ်ခုနဲ့ ပြန်ကြိုးစားပါတယ်။
ဒုတိယနည်း
ဒီနေ့တော့ စားမဲ့လူတစ်ယောက် တိုးလာလို့ ၃လုံးကင်ပါမယ်။ မနေ့ကအတိုင်း
အာလူးတွေကို ပြတ်မထွက်သွားအောင် ပုံပါအတိုင်း လှီးပါမယ်။ ပြီးရင်
အာလူးတွေကို ထောပတ်ရယ်၊ ဆားရယ်၊ အရသာမှုန့်ရယ်နဲ့ နယ်ထားပါတယ်။ ထို့နောက်
အာလူးတွေကို ဒီအတိုင်း Oven ထဲ ထည့်ဖုတ်လိုက်ပါတယ်။
အာလူးတွေ ကျက်သွားပါပြီ။

ကျက်သွားတဲ့ အာလူးတွေကြားထဲကို ချိစ်ပြားနဲ့ အသားပြား (sausage) တွေကို လိုက်ညှပ်ပါတယ်။
အပေါ်ကနေ ကြက်သွန်မြိတ်၊ ငရုပ်ကောင်းမှုန့်တို့ဖြူးပြီး ထောပတ်နည်းနည်း သုတ်ပြီး oven ထဲ ၁၀မိနစ်လောက် ထည့်လိုက်ပါတယ်။
ချိစ်တွေ အရည်ပျော်စပြုရုံလောက်မှာ အာလူးကို ထုတ်လိုက်လို့ရပါပြီ။
ဒါဆိုရင် ချိစ်တွေအားလုံး အရည်ပျော်မသွားပဲ စားလို့ကောင်းလှတဲ့ အာလူးကင်
ရပါပြီ။
အာလူးတွေကို ပန်းကန်ထဲ ထည့်ပြီး ပူစီနံရွက်လေးပါ ထည့်ကာ မရိုးနိစ်ကို ဆမ်းလိုက်ပါတယ်။

အဆီအအိမ့် ကြိုက်သူများ အကြိုက်တွေ့မဲ့ ချိစ် အသားပြားညှပ် အာလူးကင်ပါ။
by missgreenlady











0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...