<div style='background-color: none transparent;'></div>

Friday, June 27, 2014

ဗွီဒီယိုကြည့်ပြီး အိမ်အပြန် အဓမ္မပြုကျင့်ခံရ

 ၂၀၁၄ ခုနှစ်၊ ဇွန်လ ၂၄ ရက်နေ့ ည ၈ နာရီအချိန် မကွေးတိုင်း ဒေသကြီး၊ တောင်တွင်းကြီး မြို့နယ်နေ မxxxx(၁၅)နှစ်သည် နေအိမ်အရှေ့ဘက် တစ်အိမ်ကျော်ရှိ ဒေါ်ခင်ညွန့်နေအိမ်တွင် ဗွီဒီယိုကြည့်ပြီး ည ၈ နာရီခွဲအချိန် နေအိမ်သို့ အပြန်မှာ အဓမ္မပြုကျင့်ခံရ ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ သတင်း ထုတ်ပြန်ချက် အရသိပါသည်။

 နေအိမ်သို့ပြန်ရန် လှေကားပေါ်မှ အောက်သို့ဆင်းစဉ် လှေခါးခြေရင်း အရောက် တစ်ရပ်တည်းနေ မျိုးလွင်(၃၃)နှစ်မှ ပါးစပ်ပိတ်ကာ ၎င်း၏နေအိမ်သို့ ဆွဲခေါ်သွားပြီး အလိုမတူဘဲ သားမယားအဖြစ်ပြုကျင့်ခဲ့ကြောင်း မxxxx(၁၅)နှစ်မှ ပြောပြသိရှိရ ကြောင်း ရဲတပ်ဖွဲ့ က ဆိုပါသည်။

အဆိုပါ အဓမ္မပြုကျင့်မှုအား မxxxx(၁၅)နှစ်မှ အရေးယူပေးရန် တိုင်တန်းရာ မျိုးလွင်အား ဆတ်သွား နယ်မြေရဲစခန်း (ပ)၈၄/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရပါသည်။

BY THIT HTOO LWIN

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...