<div style='background-color: none transparent;'></div>

Tuesday, June 24, 2014

''ကျွန်နော့် ရဲ့ အိမ့်သီ''

ကျွန်နော်ရဲ့
အိမ့်သီ…လေ
သူက ဘယ်လိုနေနေလှတယ်ဗျ
လှချင်တိုင်းလဲ လှတယ်ထင်ရဲ့
သူက မာနမင်းသမီး
ကျွန်နော်က အစွဲလမ်းကြီးတယ်
ထိုအရာ နှစ်ခုလာပေါင်းတော့
ကောင်းမယ်ထင်ရာက ဆိုး
ဆိုးမယ်ထင်ရာက မကောင်းနဲ့ပေါ့

ပကာသန ရှိတဲ့ သူတွေအတွက်
သူ့ ခြေလှမ်းဟာ ကုဋေတစ်သန်း
ဘာမရှိတဲ့ ကျွန်နော့်အတွက်
သူလှမ်းသမျှ ပန်းတွေချည်းပေါ့
ကျွန်နော် မာနက အဲ့ဒီပန်းတွေ
ဖြစ်ချင်တယ်လေ
သူ သိရင်တော့ ဖွဖွနင်းပြီး
လျှောက်မှာမဟုတ်ဘူး

ခပ်ပျက်ပျက် ခပ်ရမ်းရမ်းနဲ့
ဘာမှမရှိတဲ့ ကျွန်နော့်လိုကောင်
သူ ချစ်ရမှာ ကြောက်တာကတော့
သဘာဝပေါ့
တကယ်ဆို ကျွန်နော်လည်း
အားနားဖို့ ကောင်းတယ်
ချစ်မိတာတော့ သဘာဝပေါ့
…
…
…။ ။ ။ ။

  ပြည့်သူမောင်


by ကဗျာနန်းတော် 

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...