<div style='background-color: none transparent;'></div>

Tuesday, June 24, 2014

ချစ်သူဖတ်ဖို့ရေးတဲ့ အလွမ်းကဗျာ

၁ ။

ကြယ်တွေဆီမှာ ရင်ဖွင့်ထားတယ်

ငါလွမ်းတဲ့ အကြောင်းတွေ နင်ကိုယ့်တွေ့ရင်ပြောကြလိမ့်မယ် ။

၂ ။

လမင်းဆီမှာ ငါရဲ့အလွမ်းတွေအကြောင်း

သတင်းစကားငါပို့ထားတယ်

နင့်ကိုယ့်တွေ့ရင်ပြောပြလိမ့်မယ် ။

၃ ။

တိမ်တွေခိုစီးလိုက်ခဲ့ချင်တယ်

စကားလုံးလေးနှစ်ခု နဲ့ အလွမ်းဆိုတာ

စိတ်နဲ့လူနဲ့ တခြားစီဖြစ်ဖြစ်နေလို့ ။

၎ ။

ငါလွမ်းတိုင်း နင်အပါးခစားချင်နေတဲ့ စိတ်

အိမ်ဂျယ်တွေလို့ အတောင်ပံပါစေဖို့

စာရွက်တွေနဲ့ အတောင်ပံပုံစံ ငါခေါက်ချိုး

ငါရဲ့နောက်ကျောမှာ တပ်ဆင်ထားတယ်

အဆင်မပြေပါဘူးဟာ စိတ်ကူးနဲ့လက်တွေ့က မိုးနဲ့မြေ ။

၅ ။

ငါအလွမ်း

ငါသတိရခြင်း

ငါပူဆွေးနေရခြင်း

ငါအထီးကျန်နေရခြင်းတွေကို သိနေတဲ့

ကြယ်လေးတွေက ငါတောင်းဆုပြုဖို့ စာနာစွာနဲ့ကြွေပေးရှာတယ်

မကြွေပေးကြပါနဲ့တော့ ကြယ်လေးတွေရယ်

ဆုဆိုတာ တောင်းတိုင်းပြည့်ချင်မှ ပြည့်တာလေ ။

၆ ။

သူငယ်ချင်းတွေက မေးကြတယ်

အစဉ်ပြေလားတဲ့

သြော် တကယ်ဆို

ငါက နေကြာလေ

နေ(နင်)မရှိတာနဲ့

ခေါင်းငိုက်စိုက်နဲ့ အပျော်တွေ အိမ်မက်ထဲမှာတောင်

ငါမပိုင်ဆိုင်တာ ။

လက်ျာ


by ကဗျာနန်းတော်

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...