မုံရွာ၊ ဇူလိုင် ၄- အိန္ဒိယ-မြန်မာ နယ်စပ် တမူးမြို့ သုံးမိုင် စစ်ဆေးရေး
ဂိတ်တွင် ဧပြီ ၂၅ရက်က လက် နက်ခဲယမ်းများဖြင့် ဖမ်းဆီးရမိခဲ့ သည့်
တရုတ်နိုင်ငံသား ရှစ်ဦးတို့အား ဇူလိုင် ၄ရက် ညနေပိုင်းတွင် မုံရွာ ခရိုင်
တရားရုံးမှ အမိန့်ချ လိုက်ကြောင်း သိရသည်။
''ရှစ်ဦးမှာ
တစ်ဦးက အသက် မပြည့်သေးတဲ့အတွက် မန္တလေး ထောင်ကိုပို့ပြီး သူ့ရဲ့ထောင်ဒဏ်ကို
ကျခံရမှာဖြစ်ပါတယ်''ဟု မုံရွာမြို့မ ရဲစခန်းမှ တာဝန်ရှိ သူတစ်ဦး က ပြော
သည်။
အဆိုပါ တရုတ်နိုင်ငံသား ရှစ် ဦးအား ပြစ်မှုကြီး၁၆လက်နက်များ
ယာယီပြင် ဆင်ချက် အက်ဥပဒေ၊ ပြစ်မှုကြီး ၁၇/၂၀၁၄၊ ဆက်သွယ်ရေး ဥပဒေပုဒ်မ- ၆၇၊
ပြစ်မှုကြီး ၁၅/၂၀၁၄ ၁၉၄ရခုနှစ် လူဝင်မှုကြီးကြပ်ရေး (လတ်တလောပြ
ဋ္ဌာန်းချက်များ)အက် ဥပဒေပုဒ်မ-၁၃(၁)စသည့် အမှုပေါင်း သုံးမှုဖြင့် တရားစွဲဆို
တင်ပို့ခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံသား ရှစ်ဦးထဲမှ
ကျန်းယိန်ဆိုသူသည် အသက် ၁ရ နှစ်သာရှိသေး၍ အသက်မပြည့်သေး သောကြောင့်
၎င်းအားလက်နက်မှု ဖြင့် ၎င်းအား ခြောက်နှစ်၊ လူဝင်မှု ကြီးကြပ်ရေးဥပဒေဖြင့်
သုံးနှစ်၊ ဆက်သွယ်ရေးဥပဒေဖြင့် တစ်နှစ် စုစုပေါင်းထောင်ဒဏ် ၁ဝနှစ် အမိန့်
ချမှတ်ခဲ့ကြောင်း၊ ကျန် ခုနစ်ဦးအား လက်နက် မှုဖြင့် ခုနစ်နှစ်၊ လူဝင်မှု
ကြီးကြပ်ရေး ဥပဒေဖြင့် ငါးနှစ်၊ ဆက် သွယ်ရေး အက်ဥပဒေဖြင့် တစ်နှစ် စုစု
ပေါင်းထောင်ဒဏ် ၁၃နှစ်စီ အသီးသီး အမိန့်ချမှတ်ခဲ့ကြောင်း အမိန့်ချမှတ်
ခဲ့သည့် မုံရွာခရိုင်တရာရုံးမှ တရား သူကြီးက ပြောသည်။
ယင်းတရုတ်နိုင်ငံသား ရှစ်ဦး သည် ဧပြီ ၂၅ရက်တွင် တမူးမြို့ အထွက်
အိန္ဒိယ-မြန်မာ ချစ်ကြည် ရေးလမ်းမကြီး၌ တိုယိုတာ အမျိုးအ စားအနက်ရောင်
ယာဉ်နံပါတ် YGN– 7D/9999 ကို စီးနင်းလာစဉ် ၎င်း တို့နှင့်အတူ တရုတ်နိုင်ငံ
လုပ်သေနတ် ရှစ်လက်၊ လက်ပစ်ဗုံး ၃၁လုံး၊ ကျည် အတောင့် ၁၈၆ဝနှင့် စကားပြော
စက်တို့ကို သက်ဆိုင်ရာ စုပေါင်းဖမ်းဆီး ရေးအဖွဲ့က ဖမ်းဆီးနိုင်
ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
K T S
[--Democracy today Daily Newspaper--]
by yangonmediagroup
Saturday, July 5, 2014
တမူးမြို့တွင် လက်နက်များဖြင့် ဖမ်းမိသည့် တရုတ်နိုင်ငံသား ရှစ်ဦး အား မုံရွာခရိုင် တရားရုံးမှ အမိန့်ချမှတ်
Subscribe to:
Post Comments (Atom)










0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...