မန္တလေး၊ နာရေးကူညီမှုအသင်းများ မှ အသုံးပြုနေသော နာရေးယာဉ်
(နိဗ္ဗာန်ယာဉ်)များကို သတ်မှတ်အ ခွန်အခများဖြင့် ပထမဆုံးအကြိမ်
ယာဉ်မှတ်ပုံတင်လုပ်ငန်းကို One Stop Service ဖြင့် ဆောင်ရွက်ပေး
မည်ဆိုသော်လည်း လူနာတင်ယာဉ် များပါဝင်ခြင်းမရှိကြောင်း ကညန (မန္တလေး) ရုံးမှသိရသည်။
One Stop Service ဖြင့်မှတ် ပုံတင်ဆောင်ရွက်ပေးရာတွင် အဖွဲ့
ခေါင်းဆောင်အဖြစ် ကုန်းလမ်းပို့ ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန မှတာဝန်ယူ၍
အကောက်ခွန်ဦးစီး ဌာန၊ မြန်မာ့အာမခံလုပ်ငန်း၊ မြန် မာ့စီးပွားရေးဘဏ်၊
အထွေထွေအုပ် ချုပ်ရေးဦးစီးဌာနနှင့် ရဲတပ်ဖွဲ့တို့မှ ပူးပေါင်းပါဝင်
ဆောင်ရွက်ကြမည် ဖြစ်သည်။ အလှမ်းဝေးသည့်နေရာ များရှိ နာရေးယာဉ်များကို ဒေသ
အုပ်ချုပ်ရေးအဖွဲ့များနှင့် ညှိနှိုင်း၍ နယ်လှည့် ဆောင်ရွက်ပေးမည်ဖြစ်
ကြောင်းသိရသည်။
''နာရေးယာဉ် မှတ်ပုံတင် ဆောင်ရွက်တာ
ပထမဆုံးအကြိမ် ပါ။ နာရေးယာဉ်တွေက အလှူရှင် တွေလှူထားတဲ့ လိုင်စင်မဲ့ယာဉ်
တွေ များပါတယ်။ ဒါတွေကို တရား ဝင်ဖြစ်အောင်လုပ်တာပါ။ မန္တလေး
တိုင်းဒေသကြီးခရိုင်ရုံးများမှာ
''ကျွန်တော်တို့ဘက်ကပြော ရရင်တော့ နာရေးယာဉ်တွေအခွန် ကင်းလွတ်ခွင့်
ပေးစေချင်ပါတယ်။ ခုလို ယာဉ်မှတ်ပုံတင်လုပ်ပေးတာ ကောင်းပါတယ်။ ဒီယာဉ်တွေက
အလှူရှင်တွေ တစ်ဦးချင်းစီရော၊ စု ပေါင်းလှူတာရောရှိပါတယ်။ တချို့
နာရေးကိစ္စတွေမှာ ဆင်းရဲသူတွေ ပါလို့ မီးသင်္ဂြိုဟ်စရိတ် ၁၆ဝဝဝကို ပါ အသင်းက
စိုက်ထုတ်ပေးဆောင် ရတာရှိတယ်။ မြို့တိုင်းရွာတိုင်းမှာ အခမဲ့
ဖြည့်ဆည်းပေးနေတာဖြစ် လို့ အခွန်အခ အနည်းဆုံးဖြစ်စေ ချင်တာပါပဲ''ဟု
မန္တလေးပြည်ကြီးတံ ခွန်မြို့နယ်ရှိ လူမှုကူညီရေးအသင်း မှ
နာရေးကိစ္စများကူညီဆောင်ရွက် နေသူတစ်ဦးက ပြောသည်။
One Stop
Service ဖြင့် မှတ် ပုံတင်ဆောင်ရွက်ပေးရာတွင် နာ ရေးယာဉ်များ ပါဝင်သော်လည်း
ကျန်းမာရေးယာဉ်များ ပါဝင်ခြင်း မရှိကြောင်း၊ နိုင်ငံတော်အတွင်း တ
ရားမဝင်ရောက်ရှိနေသည့် လျှပ်စစ် ဆိုင်ကယ်၊ လျှပ်စစ်သုံးဘီးဆိုင်ကယ် နှင့်
သုံးဘီးဆိုင်ကယ်များကိုပါ မှတ် ပုံတင်ကိစ္စ ဆောင်ရွက်ပေးမည်ဖြစ် ကြောင်း
သိရသည်။
by yangonmediagroup
Saturday, July 5, 2014
နာရေးယာဉ်များကို အခွန်ဖြင့် ယာဉ်မှတ်ပုံတင် ပြုလုပ်ပေးမည် ဆိုသော်လည်း လူနာတင်ယာဉ်များ မပါဝင်ကြောင်းသိရ
Subscribe to:
Post Comments (Atom)










0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...