ထောင်ဒဏ်ကျခံနေရသည့် တရားခံ၏နေအိမ်မှ ကျပ်ငွေတစ်သောင်းနှင့်ညီမျှသော
ပလတ်စတစ် ထိုင်ခုံနှစ်လုံးကို ရွှေပြည်သာရဲစခန်း မှရဲတပ်ဖွဲ့ဝင်တစ်ဦးက
လာရောက် ယူဆောင်သွားသဖြင့် တရားခံဖြစ်သူ က အဆိုပါရဲဝန်ထမ်းနှင့်
ရပ်ကွက်အုပ် ချုပ်ရေးမှူးတို့ကို တရားစွဲဆိုရန်စီစဉ် နေကြောင်း သိရသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ ဇူ လိုင် ၁၇ရက်က ငြိမ်းချမ်းရေးနှင့်ပွင့် လင်းလူ့အဖွဲ့အစည်းရုံးတွင် သတင်း စာရှင်းလင်းပွဲပြုလုပ်ခြင်းဖြစ်
ရွှေပြည်သာမြို့ နယ်(၉)ရပ်ကွက် တွင် ဂရုဏာမြင့်မိုရ်လူငယ်များအဖွဲ့
မှဦးစီးကာ ဖေဖော်ဝါရီလက တရားပွဲကျင်းပခဲ့ရာ ခွင့်ပြုချက်မတောင်းဘဲ
ကျင်းပခဲ့သဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးက တရားလိုပြုလုပ်ကာ
ရွှေပြည်သာတရားရုံး၌ တရားစွဲဆိုခဲ့ခြင်းဖြစ် ပြီး ဇွန် ၂၃ ရက်တွင် တရားရုံးက
ထောင်ဒဏ်တစ်လချမှတ်လိုက်ခြင်း ဖြစ်သည်။
တရားပွဲပြုလုပ်ရန်အတွက်
ခွင့် ပြုချက်ကို ရပ်ကွက်အဆင့်၊ မြို့နယ် အဆင့်တို့က
ခွင့်ပြုချက်ပေးထားပြီး ပြန်လည်ပယ်ဖျက်လိုက်ခြင်းဖြစ် ကြောင်းသိရသည်။
''ထောင်ကျနေတဲ့အချိန် အိမ်က လက်ဖက်ရည်ဆိုင်မှာလာပြီး ကော်ဖီ
ထုပ်တွေလာတောင်းတယ်။ လာတောင်း တာ ငွေတစ်သောင်းတန်အောင်လာ တောင်းတာဆိုတော့
အိမ်ကမပေးလိုက်ဘူး။ သုံးကြိမ်မြောက်လာတောင်း တာမပေးတဲ့အတွက်
ထိုင်ခုံနှစ်လုံးယူ သွားတယ်။ ဒါဘယ်သူမှမပေးဘဲ ယူသွားတာပါ။
ကျွန်တော်လဲအပြင်ပြန် ရောက်တော့မှသိရတာ''ဟု တရားပွဲ ဦးဆောင်၍
ထောင်ဒဏ်အပြစ်ပေး ခံရသူ ဦးကျော်ဟိန်း (ခ) ဦးဇော်မြင့်က ပြောသည်။
ယင်းကဲ့သို့ပြုလုပ်ခြင်းသည် တရားပွဲစီစဉ်သူတရားခံကို ထောင်ဒဏ် နှင့်ငွေဒဏ်နှစ်ရပ်စလုံးချမှတ်သ
အဆိုပါတရားခံ ထောင်ဒဏ်မှ လွတ်မြောက်လာသည့်နေ့က
ရပ်ကွက် နေသူများကတရားပွဲကို တရားစွဲဆို သောအုပ်ချုပ်ရေးမှူးအလိုမရှိ၊ တရား
ပွဲကိုတရားစွဲသော အုပ်ချုပ်ရေးမှူးရာ ထူးမှထုတ်ပေးရေးတို့ကို အော်ဟစ်
တောင်းဆိုခဲ့သဖြင့် ရပ်ကွက်နေသူ ခြောက်ဦးကို ဇူလိုင် ၁၆ရက်က ရွှေ
ပြည်သာရဲစခန်းတွင် ပုဒ်မ ၁၈ ဖြင့် တရားစွဲဆိုထားကြောင်း သိရသည်။
အောင်ကျော်ဟိန်း (မြစ်မခ)
- ရန်ကုန်တိုင်းမ် ဂျာနယ် အတွဲ၉၁၀)၊ အမှတ် (၂၈)။
Yangon Media Group
Friday, July 25, 2014
ထောင်ကျနေစဉ် နေအိမ်မှထိုင်ခုံနှစ်လုံး ယူဆောင်သွားသည့်ရဲဝန်ထမ်းအား တရားစွဲမည်
Subscribe to:
Post Comments (Atom)










0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...