ဖြစ်စဉ်မှာ ဇူလိုင် ၆ ရက်က ဇီးကုန်းမြို့နယ် ဝက်တိုးတောင်ရွာ အနီး ဆိုင်ကယ်ကယ်ရီ ပြေးဆွဲသူ ဇော်နိုင်ထွန်း (ဘ) ဦးလှထွန်း ကို ကန့်ဘလူ မြို့နယ် ကာဘိုးရွာ အင်ပင်ကုန်းရပ် နေ ဖိုးထိုက် (ခ) သန်းထိုက်စိုး နှင့် ဖိုးချွန် (ဘ) ဦးအောင်သန်း တို့က တုတ်နှင့် အသေ ရိုက်သတ်ကာ ဆိုင်ကယ်လုယူ သွားသည့် အမှုဖြစ်ပြီး ရွှေဘိုခရိုင် ရဲတပ်ဖွဲ့က အချိန်နှင့် တစ်ပြေးညီ ပိတ်ဆို့ ရှာဖွေခဲ့ရာ ဇူလိုင် ၇ ရက်က ပြစ်မှု ကျူးလွန်သူ ဖိုးချွန် ကို ကန့်ဘလူ မြို့နယ် ဇီးကုန်း မောင်းတံဂိတ် ၌ ရွှေဘိုခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီး အုန်းလှိုင် ကိုယ်တိုင် ပိတ်ဆို့ ဖမ်းဆီး ရမိခဲ့သည်။
အဆိုပါ အမှုမှ အဓိက ပြစ်မှုကျူးလွန် ထားသူ ဖိုးထိုက် (ခ) သန်းထိုက်စိုး မှာ ရှောင်တိမ်း လွတ်မြောက် နေရာမှ ယခု ဖမ်းဆီး ရမိခြင်း ဖြစ်သည်။ ပြစ်မှု ကျူးလွန်သူ ဖိုးထိုက် (ခ) သန်းထိုက်စိုး နှင့် ဖိုးချွန် တို့ကို တရားရုံး သို့ တရားစွဲဆို တင်ပို့နိုင်ရေး ဇီးကုန်း ရဲစခန်းက ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။
အောင်ဘုန်းညို(ရွှေဘို)
#PyiChitThar










0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...