မရမ်းကုန်းမြို့နယ်တွင် အငှားယာဉ်မောင်းကို ဝက်အူလှည့်ဖြင့်
ထောက်ကာခြိမ်းခြောက်၍ ယာဉ်မောင်း၏ ဇနီးထံ ဖုန်းဆက်ငွေတောင်းမှု
ဖြစ်ပွားခဲ့ရာ ပြစ်မှုကျူးလွန်သူခရီး သည်နှစ်ဦးတွင် တစ်ဦးကို ဖမ်းဆီးရမိထား
ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇူလိုင်
၂၁ ရက် ညနေ ၆ နာရီ က သန်လျင်မြို့နယ်နေ ဒေါ်------ သည်သာကေတ
နယ်မြေရဲစခန်းသို့ ရောက်ရှိလာပြီး ၎င်း၏ခင်ပွန်း အငှားယာဉ်မောင်း
ဦးတိုးနိုင်ကို ယာဉ်ပေါ်ပါ ခရီးသည်များက ခြိမ်းခြောက်ကာ
ငွေကျပ်နှစ်သိန်းပေးရန် တောင်း ခံနေကြောင်းနှင့် ၎င်းတို့ ချိန်းဆိုသည့်
ဒဂုံဆိပ်ကမ်းမြို့နယ် ရတနာလမ်းသို့ အမျိုးသမီး တစ်ဦးတည်း
လာရောက်ပေးရမည်ဖြစ်ကြောင်း ခင်ပွန်းဖြစ်သူက ဖုန်းဖြင့်ဆက်သွယ် လာသဖြင့်
ကူညီဆောင်ရွက်ပေးပါရန် သတင်းပေးတိုင်ကြားခဲ့သည်။
ဖြစ်စဉ်ကိုစစ်ဆေးရာ အငှားယာဉ်မောင်း ဦးတိုးနိုင်သည် ၎င်းမောင်းနှင့်သော
ပရိုဘောက်ယာဉ်ကို တောင်ဥက္ကလာပ မြို့နယ်ဘက်မှ မြောက်ဥက္ကလာပမြို့နယ်ဘက်သို့
ဝေဇယန္တာလမ်းအတိုင်း မောင်းနှင်လာစဉ် မရမ်းကုန်းမြို့နယ် အုတ်ပုံဆိပ်
လမ်းအနီး အရောက် လူငယ်နှစ်ဦးက မြေနီကုန်းသို့ ငှားရမ်းသဖြင့်
လိုက်ပါပို့ဆောင်ခဲ့ကြောင်း၊ မောင်းနှင်လာစဉ် ခရီးသည်လူငယ်နှစ်ဦးက မရမ်း
ကုန်းမြို့နယ် (၅)ရပ်ကွက် သဇင်ရုံ လမ်းအတွင်းသို့ မောင်းနှင်ခိုင်းပြီး
အသင့်ယူဆောင်လာသော ဝက်အူလှည့်ဖြင့် ဦးတိုးနိုင်၏ လည်ပင်းကိုထောက်ကာ
ငွေတောင်းခဲ့၍ ရှိသည့်ငွေကျပ်သုံးသောင်းကို ပေးခဲ့ကြောင်း၊ ဆက်လက်၍ ၎င်း
လူငယ်နှစ်ဦးက လမ်းကြားတစ်ခုသို့ ထပ်မံမောင်းနှင်ခိုင်းပြီး ငွေကျပ်
နှစ်သိန်းပေးရန်ထပ်တောင်းသဖြင့်
by MOIWebportalMyanmar
Friday, July 25, 2014
မရမ်းကုန်းမြို့နယ်၌ အငှားယာဉ်မောင်းကို ခြိမ်းခြောက်ငွေတောင်းသည့် ခရီးသည်ဖမ်းမိ
Subscribe to:
Post Comments (Atom)










0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...