အမျိုးသားပညာရေး ဥပဒေကြမ်းနဲ့ ပတ်သက်ပြီး ဆန္ဒပြနေတဲ့ ကျောင်းသားထုဟာ ဒီနေ့ (နိုဝင်ဘာလ ၁၇ ရက်) နေ့လယ် ၁၂ နာရီ ၄၅ မှာ စံပြမှတ်တိုင်ကနေ ဆူးလေဘုရား ရှိရာကို လျှောက်လာကြပြီး ခုဆိုရင် မဟာဗန္ဒုလရှေ့မှာ ဆန္ဒပြနေကြတယ်လို့ လိုက်ပါသတင်းယူနေတဲ့ The Voice သတင်းထောက်က သတင်းပေးပို့ပါတယ်။
ခုလို ဆန္ဒပြနေတဲ့ ကျောင်းသားတွေကို KNU/ KNA အဖွဲ့ ရန်ကုန်တိုင်း တာဝန်မှူး ဗိုလ်မှူးမိုက်ကယ်က ငွေကျပ် တစ်သိန်းနဲ့ ရေသန့်တွေ၊ Towel တွေ လာလှူသွားပါတယ်။
ဒီနေ့ (နိုဝင်ဘာလ ၁၇ ရက်) ဟာ အပြည်ပြည်ဆိုင်ရာ ကျောင်းသားများနေ့ ဖြစ်ပါတယ်။
ခု ညနေ ၃ နာရီ ဝန်းကျင်မှာတော့ ကဗျာဆရာတချို့က နိုင်ငံတကာ ကျောင်းသားများနေ့နဲ့ ဆိုင်တဲ့ ကဗျာတွေ ရွတ်ဆိုနေတယ်လို့ The Voice သတင်းထောက်က ပြောပါတယ်။
ညနေ လေးနာရီခွဲမှာတော့ ကျောင်းသားတွေဟာ ဗန္ဒုလပန်းခြံရှေ့မှာပဲ သတင်းစာရှင်းလင်းပွဲ ပြုလုပ်မှာ ဖြစ်ပါတယ်။
by the voice weekly
Monday, November 17, 2014
ဗန္ဒုလပန်းခြံရှေ့ ကျောင်းသားများ ဆက်လက်ဆန္ဒပြ
Subscribe to:
Post Comments (Atom)










0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...