<div style='background-color: none transparent;'></div>

Monday, November 17, 2014

ကစားကွင်းဆိုင်ဝန်ထမ်းတစ်ဦး ဆိုင်းဘုတ်မီးမလာသဖြင့် တက်ရောက် ကြည့်ရှုရာမှ ပြုတ်ကျသေဆုံး

၁၆.၁၁.၂၀၁၄ ရက်နေ့ ၁၅၂၀ အချိန်တွင် ပန်းဘဲတန်းမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်
များသည် ရန်ကုန်ဆေးရုံကြီးသို့ ပန်းဘဲတန်းမြို့နယ်၊ (၁၀)ရပ်ကွက်၊ မဟာဗန္ဓုလ
လမ်းနှင့် (၃၂)လမ်းထောင့်ရှိ ကလေးကစားကွင်းဆိုင်မှ ဆိုင်ဝန်ထမ်းအမျိုးသား
တစ်ဦး သေဆုံးရောက်ရှိနေကြောင်းသတင်းအရ သွားရောက်စစ်ဆေးခဲ့ရာ
သေဆုံးသူမှာ ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်မှ လာရောက် အလုပ်
လုပ်ကိုင်သော ကိုအောင်မြင့်မိုး၊ (၂၀)နှစ်ဖြစ်ကြောင်းသိရှိရပြီး နဖူးနှင့် ဦးခေါင်း
ထိပ်တို့တွင် ပေါက်ပြဲဒဏ်ရာများရရှိထားသည်ကို တွေ့ရှိရပါသည်။

ဖြစ်စဉ်အားစုံစမ်းရာ သေဆုံးသူသည် ဆိုင်၏ အမြင့်(၁၅)ပေခန့်ရှိသော ဆိုင်းဘုတ်အောက်ရှိ LED မီးလုံးများမှာ မီးမလာသဖြင့် တက်ရောက်ကြည့်ရှု
ရာမှ အောက်သို့ပြုတ်ကျကာ ဒဏ်ရာများရရှိ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

၎င်းသေဆုံးမှုနှင့်ပတ်သက်၍ ပန်းဘဲတန်းမြို့မရဲစခန်း သေမှုသေခင်း
အမှတ်စဉ်(၄/၂၀၁၄) ဖြင့် ရေးဖွင့်ကာ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။


by yangonpolice

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...