<div style='background-color: none transparent;'></div>

Monday, November 17, 2014

အရှိန်မထိန်းနိုင်သောယာဉ်မှ လမ်းဘေးတွင်လမ်းလျှောက်သွားနေသူ(၂)ဦးအား တိုက်မိ

၁၆.၁၁.၂၀၁၄ ရက်နေ့ ၀၅၃၀ အချိန်တွင် မရမ်းကုန်းမြို့နယ်၊ ပါရမီလမ်းအတိုင်း ကမ္ဘာအေးဘုရားလမ်းဘက်မှ ပြည်လမ်းဘက်သို့ ယာဉ်မောင်း ကိုသူရစိုး၊
(၄၁)နှစ်မောင်းနှင်လာသော 3E----ပရိုဘောက်အငှားယာဉ်သည် ပါရမီ
ဆေးခန်းရှေ့အရောက် ယာဘက်လမ်းစပ်မှလမ်းလျှောက်သွားနေသော မရမ်းကုန်းမြို့နယ်နေသူများဖြစ်သည့် ဒေါ်အေးအေးစန်း(၅၅)နှစ်နှင့်
မထက်ထက်ကျော်သောင်း (၂၈)နှစ်တို့(၂)ဦးအား အရှိန်မထိန်းနိုင်ဘဲ ၀င်ရောက်တိုက်မိခဲ့ပါသည်။

ယာဉ်တိုက်ခံရမှုကြောင့် ဒေါ်အေးအေးစန်းတွင် ယာခြေကျင်းဝတ်စုတ်ပြဲ
ဒဏ်ရာနှင့် မထက်ထက်ကျော်သောင်းတွင် ဦးခေါင်းမူး၊ ယာပါးပွန်း၊
အောက်နှုတ်ခမ်းပေါက်ဒဏ်ရာများရရှိခဲ့သဖြင့် ရန်ကုန်ဆေးရုံကြီးတွင် အတွင်းလူနာ(မစိုးရိမ်ရ)များအဖြစ် ဆေးကုသမှုခံယူခဲ့ရပါသည်။

ယင်းသို့ ယာဉ်မဆင်မခြင်မောင်းနှင်သူ ကိုသူရစိုးအား မရမ်းကုန်းမြို့မ
ရဲစခန်း ယာဉ်(ပ)၁၁၉/၂၀၁၄၊ ပြစ်မှုပုဒ်မ-၃၃၈ ဖြင့် အမှုဖွင့်အရေးယူ
ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။


by yangonpolice

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...