<div style='background-color: none transparent;'></div>

Friday, December 19, 2014

ဓာတ်ပုံနှင့် သီချင်းသစ်များ ခိုးခံခဲ့ရသည့် အတွက် မက်ဒေါနား တစ်ယောက် လူတကာအပေါ် သံသယကြီးနေ

ဒီဇင်ဘာ ၁၈။ ပုဂ္ဂိုလ်ရေးဆိုင်ရာ ဓာတ်ပုံများနှင့် မကြာမီ ထွက်ရှိရန် ပြင်ဆင်နေသည့် အယ်လ်ဘမ်သစ် ထဲမှ ဓာတ်ပုံများ ခိုးယူ ခံလိုက်ရခြင်းမှာ အတွင်းလူ တစ်ဦးဦးက ကူညီခြင်း ကြောင့်သာ ဖြစ်နိုင်သည်ဟု ယူဆသောကြောင့် အဆိုတော် မက်ဒေါနားမှာ သစ္စာဖောက် ခံရသည်ဟု ခံစားမိနေပြီး လူတကာအပေါ် သံသယ ၀င်နေသည်။

သတင်းရင်းမြစ် တစ်ခုက ပြောရာတွင် “သူ လူတိုင်းကို သံသ ယ၀င် နေတယ်။ တကယ့်ကို သည်းမခံနိုင်တဲ့ အခြေ အနေလည်း ဖြစ်တယ်။ ဆယ်နှစ် ကျော်နီး ပါးလောက် ဖြစ်ပျက်နေခဲ့တာ ဆိုတော့လေ” ဟုဆိုသည်။
မက်ဒေါနားမှာ သူမ၏ ကွန်ပြူတာနှင့် ဖုန်းများထဲမှ အချက်အလက်များကို ဆယ်စုနှစ် တစ်စုကျော် ကြာအောင် ခိုးယူ ခံနေခဲ့ရ သည်ဟု သိရှိပြီး နောက်တွင် အချိန်ပြည့် သံသယ လွန်ကဲ နေတော့သည်။ သူမ၏ အဖွဲ့ထဲမှ သူမ၏ လျှို့ဝှက် နံပါတ်များကို သိသောတစ်ဦး တစ်ယောက်က ခိုးယူသူများနှင့် ပူးပေါင်းကာ သူမကို ပျက်စီးစေရန် ကြံစည် နေမည်ကိုလည်း အဆိုတော်က ကြောက်ရွံ့ နေသည်။
အစ္စရေး နိုင်ငံပြင်ပမှ လုပ်ဆောင် နေသည်ဟု ယူဆရသည့် အဆိုပါ ခိုးယူသူသည် မက်ဒေါနား၏ ကိုယ်ပိုင်ဓာတ်ပုံများနှင့် မထွက်ရှိရ သေးသည့် သီချင်းများ ကိုခိုးယူကာ မှောင်ခို ဈေးကွက်တွင် ပြန်လည် ရောင်းချ နေသည်။
အဆိုပါ ပစ္စည်းများမှာ မက်ဒေါနား၏ ပရိသတ်များ အကြားတွင် အရောင်းအ၀ယ် အကြီးအကျယ် ဖြစ်နေပြီး အခြေအနေမှာ ဆိုးရွားလွန်းသည့် အတွက် ပစ္စည်း   ရောင်းသူ တစ်ဦးနှင့် မက်ဒေါနားမှာ Skyped မှ တဆင့် မိနစ် သုံးဆယ်ခန့် စုံစမ်း ပြောဆိုသည့် အနေအထားပင် ဖြစ်ခဲ့ရသည်။
စကား ပြောရာတွင် ခိုးယူသူ မည်သူမည်ဝါ ဆိုသည်ကို ပြောပြ ပေးရန်ပင် မက်ဒေါနားက အဆိုပါ ကုန်သည်ကို တောင်းပန် ခဲ့သည်ဟု ဆိုသည်။
ခိုးယူခံရသည့် ဓာတ်ပုံများမှာ ယခင်က တစ်ခါမှ မမြင်ဖူးသေးသည့် မက်ဒေါနား၏ ဖက်ရှင်ကိုယ်ဟန်ပြမှုများ ပါဝင်ပြီး အဆိုပါ ပုံများကို သူမ၏ အင်စတာဂရမ် မှ တဆင့် ပရိသတ်ကို မက်ဒေါနားက အသိပေး ပြသခဲ့သည်။
အတွင်းခံ အ၀တ်အစားနှင့် ဓာတ်ပုံနှင့် ပတ်သက်ပြီး အဆိုတော်က “ဒါက အ၀တ်ဝတ်နေတဲ့ ပုံမို့လို့ ကျွန်မ မတင်ခဲ့တာပါ။ ဒီလိုမျိုးပုံစံ ကျွန်မရဲ့ ဓာတ်ပုံတွေ နဲ့ ဘယ်တုန်းကမှ ပိုက်ဆံ မရှာပါဘူး။ ဒါပေမယ့် တခြားလူတွေ ကတော့ လုပ်တယ်လေ။
ကျွန်မရဲ့တကယ့် ပရိသတ် အစစ်အမှန်တွေ၊ ကျွန်မကို အနုပညာရှင် တစ်ယောက် အဖြစ် အသိအမှတ်ပြု လေးစားတဲ့ ထောက်ခံသူတွေကို မထွက်ရှိသေး တဲ့ ဓာတ်ပုံတွေ၊ သီချင်းတွေကို အရောင်းအ၀ယ် ပြုလုပ်တဲ့ အထဲမှာ မပါဝင်ကြဖို့ ကျွန်မ မေတ္တာရပ်ခံချင်ပါတယ်” ဟု ရေးသားခဲ့သည်။
ယနေ့တွင် မက်ဒေါနား၏ သီချင်း အသစ်များ ထွက်ရှိ လာပြီး မကြာမီ ထွက်မည့် အယ်လ်ဘမ် သစ်တစ်ချပ် လုံးနီးပါး ပင်ဖြစ် လိမ့်မယ်ဟု ထင်ရသည်။ အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး မက်ဒေါနားမှာ အကြီးအကျယ်ပေါက်ကွဲကာ “ဒါက အနုပညာကို ဗလက္ကာရ လုပ်တာပါပဲ။
ဒီသီချင်းတွေက အကြမ်း သွင်းထား တာတွေပါ။ အဲဒီထဲက တစ်ဝက် လောက်က ကျွန်မ့ရဲ့ အယ်လ်ဘမ် ထဲမှာတောင် မထည့်ရ သေးပါဘူး ဒါက တကယ် တော့ အကြမ်းဖက်မှု ပုံစံတမျိုးပါပဲ။ ဘာကြောင့်များ လူတွေက အနုပညာလုပ်ငန်းစဉ်ကို ဖျက်ဆီးချင်ကြတာလဲ။
ဘာလို့ ခိုးကြတာလဲ။ ဒါကို အပြီးထိ ဖန်တီးပြီး ကျွန်မရဲ့ အကောင်းဆုံး ဆိုတာကို ရှင်တို့ဆီပေးဖို့ ကျွန်မကို ဘာကြောင့် အခွင့်အရေး မပေးကြ တာလဲ” ဟု ရေး သားခဲ့သော်လည်း နောက်ဆက်တွဲ အငြင်းပွား ဖွယ်ရာများဖြစ်လာ နိုင်သဖြင့် ပြန်လည် ဖြုတ်ချပြီး ပိုပြီး တည်တည်ငြိမ်ငြိမ် ပုံစံဖြင့် “အခိုးခံရတာ တွေကို နား မထောင် ကြတာ ကျေးဇူးတင်ပါတယ်။ ရှင်တို့ရဲ့ သစ္စာရှိမှုကိုလည်း ကျေးဇူးတင်ပါတယ်” ဟုသာ ပြန်လည် ပြင်ဆင်ရေးသား ခဲ့သည်။
မက်ဒေါနား၏ အမာခံပရိသတ်ဖြစ်သည့် စပိန်နိုင်ငံသားတစ်ဦးသည် သီချင်းအသစ် ၇ ပုဒ်ကို အင်တာနက်တွင်တင်ခဲ့သည့်အတွက် ၂၀၁၁ ခုနှစ်တွင် အဖမ်းခံခဲ့ ရသေးသည်။
Ref: Mirror
Photo: ဓာတ်ပုံနှင့် သီချင်းသစ်များ ခိုးခံခဲ့ရသည့် အတွက် မက်ဒေါနား တစ်ယောက် လူတကာအပေါ် သံသယကြီးနေ 

ဒီဇင်ဘာ ၁၈။ ပုဂ္ဂိုလ်ရေးဆိုင်ရာ ဓာတ်ပုံများနှင့်မကြာမီထွက်ရှိရန် ပြင်ဆင်နေသည့် အယ်လ်ဘမ်သစ် ထဲမှ ဓာတ်ပုံများ ခိုးယူ ခံလိုက်ရခြင်းမှာ အတွင်း လူတစ်ဦး ဦးက ကူညီခြင်း ကြောင့်သာ ဖြစ်နိုင်သည်ဟုယူဆသောကြောင့်အဆိုတော်မက်ဒေါနားမှာ သစ္စာဖောက် ခံရသည်ဟု ခံစားမိနေပြီး လူတကာအပေါ် သံသယ ၀င်နေသည်။
#Mizzimadaily

သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/2013-10-20-16-16-07/celebrity/item/35142-2014-12-18-11-38-25
by mizzima

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...