<div style='background-color: none transparent;'></div>

Friday, December 19, 2014

အရွယ်မရောက်သေးသူ မိန်းကလေးအား သားမယားအဖြစ် ကြံစည်မှုဖြစ်ပွား

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ မြို့မအနောက် ရပ်ကွက်၊ ကော်ပတ်ခြံ (၃) လမ်းနေ ဒေါ်ခင်ညို (၆၅) နှစ်သည် ဒီဇင်ဘာလ(၁၅) ရက်၊ နံနက်(၃)နာရီအချိန်က နေအိမ်အောက်ရှိ သမီးဖြစ်သူ မစန္ဒာ ၂၇ နှစ်၊ မြေးဖြစ်သူ မဖူးငုံ ၁၃နှစ်၊ မဖြူဖြူသိန်း-၉နှစ်၊ မော်ငဇာနည်သွေး- ၃နှစ် တို့နှင့် အတူအိပ်နေရာမှ အိပ်ယာမှနိုးပြီး ကလေးများအား ကြည့်ရာ မြေးဖြစ်သူ မဖြူဖြူသိန်းမှာ အိပ်ယာတွင်မရှိ၍ အိမ်ခြံဝန်းအတွင်း လှည့်လည် ရှာဖွေခဲ့ရာ မတွေ့သဖြင့် ရပ်ကွက်အတွင်းရှာဖွေရာ အိမ်နီးချင်း မသန်းသန်းဝင်း - ၄၀နှစ်၏ ပြောကြားချက်အရ ရပ်ကွက်မြောက်ဘက်ရှိ လယ်ကွက်များ သို့ရှာဖွေရာ မြေးဖြစ်သူ မဖြူဖြူသိန်းအား လယ်ကွက်အတွင်းတွင် ဝတ်ထားသော အင်္ကျီမှာနှင်းများစိုရွှဲ၍ ဘောင်းဘီကျွတ်ဖြင့် တွေ့ရှိရ၍ မေးမြန်းရာ ယောက်ကျားတစ်ဦးမှ ၄င်းအား အိပ်ယာထဲမှ ပွေ့ခေါ်ပြီး လမ်းပေါ်အရောက် လည်ပင်းညှဏ် ပါးစပ်ပိတ်ကာ ဆွဲခေါ်သွားကြောင်း လယ်ကွက်ထဲ အရောက် ပါးနှစ်ဖက်အား ရိုက်ခဲ့ကြောင်း ပြောပြ၍ ကြည့်ရှုရာ ဘယ်ဘက်ပါးနှင့် ညာဘက်ပါး တွင် ညိုမဲဖူယောင်ဒဏ်ရာများ တွေ့ရှိရသဖြင့် ညအချိန် နေအိမ်သို့ ကျူးကျော်ယင်ရောက်ပြီး မြေးဖြစ်သူအား ခေါ်ဆောင်ကာ ရိုက်နှက်၍ ဒဏ်ရာရရှိအောင် ပြုလုပ်ပြီး သားမယားအဖြစ်ပြုကျင့်ရန် ကြိုးပမ်းသူအား အရေးယူ ပေးပါရန် ဒေါ်ခင်ညိုမှ တိုင်တန်းသဖြင့် ဖြူးမြို့မရဲစခန်းမှ (ပ) ၅၈၃/၂၀၁၄၊ ပုဒ်မ - ၄၅၆/၃၆၃/၃၇၆/၅၁၁ ဖြင့်အမှုဖွင့် အရေးယူဆောင်ရွက် လျှက်ရှိကြောင်း သိရှိရသည်။

MOI Webportal Myanmar

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...