လက်ခ်နောင်း၊ ဒီဇင်ဘာ ၁၈။ အိန္ဒိယ နိုင်ငံ ဥတ္တရာခန် ပြည်နယ်တွင် နှင်းများထူထပ်စွာ ကျဆင်းခဲ့ပြီးအပူချိန် ဆိုးဆိုးရွားရွား ကျဆင်းခဲ့မှုကြောင့်ပြီးခဲ့ သည့်နှစ် ရက်အတွင်းတောင်ပေါ် ဒေသများတွင် လူ ၃၀ ဦးသေဆုံးခဲ့ကြောင်း ပြည်နယ် သဘာဝ ဘေးအန္တရာယ် လျော့ပါး သက်သာရေးနှင့် စီမံခန့်ခွဲမှုဌာကပြော ကြား သည်။ အခြား ပြည်နယ် တစ်ခုဖြစ်သည့် ဟီမာချာလ် ပရာဒေ့ရှ် ပြည်နယ်တွင်လည်း နှင်းများ စံချိန်တင် ကျဆင်း ခဲ့သည်။
ထို့အတူ ဥတ္တရာ ပရာဒေ့ရှ် ပြည်နယ်တွင်လည်း တောင်ပေါ်ဒေသမှ လာသော အအေးဓာတ် ပါသော လေများကြောင့် အပူချိန် ကျဆင်းခဲ့သည်။
လပ်ခ်နောင်းမြို့သည် အနိမ့်ဆုံး အပူချိန် ၆ ဒသမ ၆ ဒီဂရီစင်တီဂရိတ် အထိ ရှိခဲ့ပြီး ဥတ္တရာပရာဒေ့ရှ် ပြည်နယ်တွင် အအေးဆုံး ဖြစ်ခဲ့သည်။.
လပ်ခ်နောင်းမြို့တွင် မနက်ပိုင်းက မြူများ ဆိုင်းနေသော်လည်း နံနက် ၉ နာရီမတိုင်မီက ပြင်းထန်သော လေများ တိုက်ခိုက်မှုကြောင့် ကောင်းကင်တွင် မြူများ ကင်းစင်ခဲ့သည်။ နေသာ ခဲ့သ်ာလည်း အမြင့်ဆုံး အပူချိန်သည် ၂၁ ဒသမ ၅ ဒီဂရီ ဆဲလ်ဆီးရက်စ်သာ ရှိခဲ့ပြီး သာမန် အပူချိန်ထက် ၃ ဒီဂရီ နိမ့်ခဲ့သည်။
ဒီဇင်ဘာ ၁၈ ရက်တွင် အမြင့်ဆုံးနှင့် အနိမ့်ဆုံး အပူချိန်သည် ၂၁ နှင့် ၇ ဒီဂရီ အသီးသီးရှိမည်ဟု ခန့်မှန်းရသည်။ လာမည့် နေ့များတွင် ညအပူချိန်သည် ၅ဒီဂရီ ဆဲလ်ဆီးရက်စ်အထိ ကျဆင်းနိုင်ကြောင်း မိုးလေ၀သ အရာရှိများက ပြောကြားသည်။
Ref: AFP

by mizzima










0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...